Tuesday, July 22, 2014

တူ နို င် မ ထ င် ကြ နဲ့ : မ င်းညွ န့် လှို င်

တူနိုင်မယ် မထင်ကြနဲ့
                                          မင်းညွှန့်လှိုင်

ဟိုဘက်ပြည်က အမတ်လောင်း
အကြံဉာဏ် ကောင်းလိုက်ပုံက
သူ့မဲဆန္ဒနယ်က လူထုအတွက်
ဘယ်ဘက်ဖိနပ် တစ်ဘက်စီ
ကြိုတင်ဝေငှထားသတဲ့လေ
ညာတစ်ဘက်ကတော့
သူနိုင်မှ ရမယ်ပေါ့။

အကြမ်းမဖက်ခြင်းရဲ့သင်္ကေတ
သူတော်စင်ဂန္ဒီကြီးလေ
(တတိယတန်းက...)
ရထားစီး ခရီးသွားရင်း
သူ့ဖိနပ်တစ်ဘက်ထွက်ကျတော့
ကျန်တစ်ဘက်ပါ ချွတ်ချလိုက်သတဲ့
ကောက်ရတဲ့သူ
တစ်ရံစလုံး သုံးနိုင်အောင်ပေါ့။

ဖိနပ်တစ်ရံနဲ့ လူနှစ်ယောက်ဟာ
ကွာကို ကွာပါတယ်
သမိုင်းတန်ဖိုးလည်း ကွာပါတယ် ။      

                                  မ င်း ညွ န့် လှို င်

No comments:

Post a Comment