Friday, August 15, 2014

ထို အ ရာ . . . ။ မင်း ညွန့် လှိုင်




ထို အ ရာ . . .

ခင်ဗျား
မသိမ်းပိုက်နဲ့
သိမ်းပိုက်တာနဲ့ ဆုံးရှုံးပြီ ။

ခင်ဗျား
မဖမ်းဆုပ်နဲ့
ဖမ်းဆုပ်တာနဲ့ လွတ်ထွက်ပြီ ။

ခင်ဗျားကိုယ်တိုင်
ပန်းတစ်ပွင့်ဖြစ်သည်အထိ
ပွင့်လန်းပါ ။

ခင်ဗျားကိုယ်တိုင်
စမ်းချောင်းလေးဖြစ်သည်အထိ
စီးဆင်းပါ ။

ထိုအရာ
အလိုမတူရင်
ဗလာကိုသာရပေလိမ့်  ။            ။

                            မ င်း ညွ န့် လှို င်

No comments:

Post a Comment