Friday, November 28, 2014

ငြိမ်းချမ်းရေး ။ ေ ဇ ရ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ငြိမ်းချမ်းရေး

***********

အဖြူရောင်စကားလုံးအသစ်တွေနဲ့ 
အလံလေး
အိမ်ထောင့်ကသစ်ပင်ပေါ်မှာ

ချိတ်ဆွဲထားတယ်
ငှက်လေးတွေလည်း
လာနားလို့ ကွယ်
တို့ ညီအစ်ကိုတွေကြည့်ပြီး
ပျော်နေရသေးတယ်
ကမ္ဘ္ဘာကြီးပေါ်က
အောင်မြင်သန်စွမ်းတဲ့
သစ်တောကြီးတွေမှာလည်း
အလံဖြူလေးတွေရယ်
ရေဒီယိုအစီအစဉ်တွေမှာလည်း
အဖြူရောင်သတင်းများကွယ်
စာသင် သားကလေးများ
ကဗျာရွတ်သီဆိုကြတယ်
နောက်ဆုံးနေ့မှာ
ကမ္ဘာကြီးက
အဖြူထည်ခရေပွင့်များ
လက်ခံရရှိလိုက်တယ်.....။

                                  ဇေရ

No comments:

Post a Comment