Tuesday, January 14, 2014

ဥမ္မတ္တက ၊ written by ၊ ရန်လင်းအောင်

ဥမ္မတ္တက ၊ written by; ရန်လင်းအောင်
 ဥမ္မတ္တက

ဤရွေ့   ဤမျှ ငိုခဲ့ပြီး
ဤရွေ့   ဤမျှ ရယ်ခဲ့ပြီး ၊

မိုးပြိုလုလည်း ပြောင်ပြောင်ပဲ

မြေမျိုလုလည်းပြောင်ပြောင်ပဲ

ခေါက်တုံ့ခေါက်ပြန်

လက်ခမောင်းခတ်လိုက်၊ လက်မြှောက်ပြန်လိုက် ၊
ခေါက်တုံ့ခေါက်ပြန်
လက်ချိုးရေလိုက်၊ တောက်ခေါက်လိုက် ၊
ခေါက်တုံ့ခေါက်ပြန်
အံကိုခဲလိုက်၊ အံကြိတ်လိုက် ၊

ဥတုသုံးပါး ဒေါင်ဒေါင်မြည်တဲ့

တပ်မက်မှုများ ကိုယ်ထည်အပြည့် ၊

အမှိုက်ပုံပေါ်ခွထိုင်ပြီး

သူမတူလိုတဲ့ရောဂါ
အများနည်းတူ လုံးပမ်းရမှာ
မိုးလင်းပဲပေါက်ပေါက်၊ ညလုံးပဲပေါက်ပေါက်
ကြွနေမှ၊ တက်နေမှ
လွှတ်လှ . . . . ။


                      ရန်လင်းအောင်

No comments:

Post a Comment