Saturday, March 28, 2015

အဖြူထည်အသံ ။ ကိုရုန်း











အဖြူထည်အသံ
____________

လူတစ်ဦးက
အဖြူထည်အရာကို
ဂူတစ်ဂူထဲမှာ
မီးခွက်ထွန်းပြီး
ရှာဖွေခဲ့တယ်။

ဂူထဲမှာ
နေရာအနှံ့ 
ရှာဖွေသော်လည်း
အဖြူထည်အရာကို
အစအန လေးတောင်
သူရှာမ တွေ့ ခဲ့။

လာလမ်းအတိုင်း
သူပြန်ထွက်ခဲ့ရတယ် တဲ့။

ကြားဖူးတဲ့ပုံပြင်
ဘဝင် မကျနိုင် ခဲ့။

တကယ်ဆို
အဖြူထည်အရာ
သူ့ နှလုံးသားမှာ
သူ့ လက်ဖဝါးထဲမှာ
သူ့ ဘဝခရီးထဲမှာ
သူ ပိုင် ဆိုင် ထားတာ
သူမေ့လျော့နေ လေရဲ့ ။ ။

ကိုရုန်း

No comments:

Post a Comment