အမှောင် ပြ ကွက်
ဘဝမှာ
ဟွန်းသံ မမြည်တဲ့ လမ်းတွေ ရှိသလို
မရွေ့ တဲ့ သွားလာခြင်း ကြောင့်
ခြေကုန်လက်ပမ်း ဖြတ်လျှောက်နေရ
ပြဇာတ် ထဲ က လို ။
နှင်း တွေ ထုံ ထိုင်း ဆွံ့ အ နေ ပုံ
အပူကြွ မြေသားထက်
သဘာဝ နဲ့ တူ အောင်
ရုန်း ထ နေရတုန်း
ဇာတ်ဝင်တေး တွေ ဟန်လုပ် ဆို နေရ။
လမ်းမှာ
ဟွန်းသံ မမြည်တဲ့ ဘဝ တွေ ရှိတော့
အနှိမ်ခံ အိပ်မက်မှာ
ည ကို ည နဲ့ တူ နိုင် ဖို့
ကျွန်တော် တို့ လက်တစ်ကမ်းမှာ
ရနံ့ ဖြူ ပန်းတွေ တိုက်ရိုက်ပွင့် နိုင်ဖို့
သီးနှံ မျိုး စေ့ သစ်များ
အရွေ့ တစ်ခု နဲ့ ရယ်သံ လွင် ချို ဖို့
ကြည့်လိုက် . . . .
သန့် စင်ခြင်း အတိပြီးတဲ့
အရှေ့ ကောင်းကင်မှာ
နေရာ ပေး ရမယ့် ကြယ်တစ် လုံး
လင်းပ စွာ ရှိတယ် ။ ။
ကိုသားကြီး
No comments:
Post a Comment