Saturday, April 4, 2015

တံခါးဖွင့် အသံ ။ ကိုရုန်း


တံခါးဖွင့်အသံ


ဒီအသံလေးကို
ကြားရရုံနဲ့ တင်
တစ်သက်စာ
ဖူလုံသွားသလိုလို။

ဒီအသံလေးထဲမှာ
ငါပျော်ဝင် သွားခဲ့တယ်။

ဒီအသံလေးက
အားအင်တွေကို
မွေးဖွားပေးတယ်။

ဒီအသံလေးက
မျှတမှုကို
သွန်းလောင်းပေးတယ်။

ဒီအသံလေးက
လုံခြုံမှုကို
ပေးစွမ်းနိုင် တယ်။

ဒီအသံလေးနဲ့ 
ငါရှင် သန်သွားတော့မယ်။

ဒီအသံထဲမှာ
အရာရာပြီးပြည့်စုံနေ လေရဲ့ ။

ကိုရုန်း

No comments:

Post a Comment