Thursday, May 7, 2015

နွေဥတု သို့ တေး ။ မင်းညွန့်လှိုင်


ေ နွ ဥ တု သို့ေ တး

• • • • • • • • • •
[ ၁ ]
ဝေးမယ့်ရက်တွေမှန်းဆဖို့
သစ်ရွက်ကြွေတွေလိုက်ဖမ်းကြမယ် ။

ဆွေးတဲ့ရက်တွေမှတ်သားဖို့
သစ်ရွက်ကြွေတွေသိမ်းထားကြမယ် ။

"ကျောင်းတံခါးပိတ်အိမ်မပြန်ချင်ဘူး"
သီချင်းဟောင်းလေးတစ်ပုဒ်ဟာ
နွေအိပ်မက်များထဲအထိ
စာမေးပွဲလာလာစစ်နေတုန်းပေါ့ ။

[ ၂ ]
အဲ့ဒီမြို့မှာနွေမရှိဘူးလို့
အတိအလင်းကြွေးကြော်ထားတဲ့
တောင်ပေါ်မြို့ကလေး 'မေ' ။

စိမ်းသောသစ်တစ်ပင်နဲ့
အစိမ်းခွဲခွဲလိုက်ရတဲ့
စိမ်းရွက်တစ်ရွက်ရဲ့သက်ပြင်းချသံမှာ
နွေကို
မြင်ဖြစ်အောင်မြင်ခဲ့လိုက်တယ် ။

ကိုယ်ဟာ
အဆိုးမြင်ဝါဒီတစ်ယောက်လား ။

[ ၃ ]
သက်တမ်းကုန်သစ်ရွက်များကို
တိတိကျကျနေရာချထားသူ
လှပသောနွေရက်တွေ ။

ချွေးစို့နေသည့်တိုင်
သနပ်ခါးဖွေးဖွေးပါးပြင်ရဲ့
ချစ်မက်ဖွယ်ကောင်းပုံမျိုး ။

[ ၄ ]
ရှောင်မရတဲ့အတူတူ
ဒီအပူကို
မြိန်ရေယှက်ရေစုပ်ယူ ။

ဖူးပွင့်လိုက်စို့
အေးအေးလူလူ ။        ။

                                     မင်းညွန့်လှိုင်

No comments:

Post a Comment