Sunday, May 3, 2015

အလိုမတူတဲ့ ဆက်တင် ။ မင်းညွန့်လှိုင်


အလိုမတူတဲ့ ဆက်တင်


ဒီထူးဆန်းတဲ့တင်းကုပ် သူ့အလိုလိုရွေ့နေ
ဒီစက်ဆုပ်ဖွယ်သက်တောင့်သက်သာဖြစ်မှု
မသက်မသာကြီးကိုဖြစ်လို့
ပြူထွက်နေတဲ့ဦးခေါင်းရှည်နဲ့
လေအစိမ်းကိုပွတ်သပ်ကြည့်ရင်း
ပြူးကျယ်နေတဲ့မျက်လုံးများနဲ့
ခရီးစိမ်းကိုငေးကြောင်ကြည့်ရင်း
ငြိမ်နေတဲ့အသက်ဓာတ်နဲ့နွားတွေလေ
အမှောင်ထုရဲ့ဆွဲစုပ်ယူရာ
မိုးတိုးမတ်တပ်ကြီးတိုးဝင်နေတော့တယ် ။      ။

                                                    မင်းညွန့်လှိုင်

No comments:

Post a Comment