Wednesday, June 10, 2015

ငါ့ ခေါင်းထဲ ကျီးတွေပြိုခဲ့ … အောင်လွန်းမြိုင်


ငါ့ ခေါင်းထဲ ကျီးတွေပြိုခဲ့
___________________
ဒီနေ့တနေ့လုံးပါပဲ
ငါဟာ
ပျာယာခတ်လို့ ခေါင်းမီးတောက်လို့
ငါ့  မိသားစုဝင် တယောက် ဆုံးရှူံးသလို
မှန်သားပေါ်မှာ
ဝမ်းနည်းခြင်းတွေ၊ နာကျ ည်းခြင်းတွေ
တောက်ခေါက်သံတွေ၊ငိုယိုသံတွေ
ခေါင်းတလားထဲသူ့ကိုထည့်ပုံ
သူ့အခန်း၊ သူ့အိပ်ယာ၊သူ ထိုင်နေပုံ
သူ့စားပုံ၊သွားပုံ၊နေပုံ ထိုင်ပုံတွေ မြင်ရရဲ့
ငါဟာ
မသာရှင် တယောက်လို
ထုံ ပေပေ ငိုင်တိုင်တိုင်နဲ့
ဆေးလိပ်တို မီးညှိ့ သလို
အရက်ခွက်ကို လှမ်းဆွဲသလို
ငါဟာ
မသာရှင်တယောက်လို - - -
မှန်သားပေါ် က တဆင့်
ငါ့ ခေါင်းထဲ ကျီးတွေပြိုခဲ့ ။

                  အောင်လွန်းမြိုင်

10 . 6 .2015 မှာ ကွယ်လွန်သွားတဲ့
ကဗျာဆရာ ကိုအောင်ဘညို သို့ / -

* ငါ့ ခေါင်းထဲကျီးတွေ ပြိုခဲ့ * = ကဗျာဆရာ ကိုအောင်ဘညို ရဲ့ ကဗျာစာသား ဖြစ်ပါတယ် ။



No comments:

Post a Comment