Saturday, August 1, 2015

ထမင်းအိုးလေးတည် ပရစေဦး ၊ ရန်လင်းအောင်


ထမင်းအိုးလေးတည် ပရစေဦး 

____________________

ကိုယ့်ထမင်းကိုယ်ရှာစားရမှာဆိုတာလောက်တော့
ကလေးသိ ခွေးသိပါကွာ ၊

ဒီနေ့
ကိုယ်ရှာထားတဲ့ထမင်းလုတ်
ဘယ်သူလာပုတ်ချမလဲ ၊
ဒီနေ့ ကိုယ်တည်မယ့်ထမင်းအိုး
ဘယ်သူလာရိုက်ခွဲမလဲ ၊

လူအချင်းချင်းလှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ ၊
တအုံ့နွေးနွေးရွတ်ဆိုရင်း
ထမင်းအိုးလေးတည် ပရစေဦး ။

                          ရန်လင်းအောင်
                           ၂၉ ၆ ၂၀၁၅

No comments:

Post a Comment