အတွေးရေကြီးခြင်း
________________
ခုဆိုငါ့ အခန်းလေးဟာ
ပင့်ကူအိမ်တွေနဲ့
ကြယ်တယောက်ကိုမျှော်ရင်း
အဝေးကိုငေး ကာ တုန်ရင်နေလိမ့်မယ်၊
သေနေတဲ့ နဘဲပင် ရဲ့သစ်ကိုင်းကျိုးတွေက
အခန်းလေးရဲ့ခေါင်မိုးပေါ် ဆွေးမြေ့ဖွယ်
ရှဉ့်ကလေးတွေက
ကြယ်တယောက် မရှိတဲ့အခန်းမှာ အတင့်ရဲလို့၊
ဝါဆိုမိုး ကို မှ ပျော်ပါတယ် ဆိုတဲ့ မိုးရယ်---
ငါ့ အတွေးကို မိုးတိတ်အောင်သာရွာပါတော့ ။
အောင်လွန်းမြိုင်
No comments:
Post a Comment