Thursday, August 6, 2015

မမျှော်လင့်တဲ့ဘက် - ရန်လင်းအောင်


မမျှော်လင့်တဲ့ဘက်


မီးလောင်တယ်ဆိုလည်း ပြေးကြည့်
ရေကြီးတယ် ဆိုလည်း ပြေးကြည့်
ကားချင်းတိုက်လည်းပြေးကြည့်
ခွေးချင်းကိုက်လည်းပြေးကြည့်
ဟိုဟာပြေးကြည့် ဒီဟာပြေးကြည့်
ဟိုပြဿနာပြေးကြည့် ဒီပြဿနာပြေးကြည့်
ဘာဖြစ်ဖြစ်ပြေးကြည့်
ဒါ ငါတို့ မတွေးမိတာတွေပဲ
ဟုတ်တယ်
ဒါ ငါတို့ မမျှော်လင့်တာတွေပဲ
ငါတို့
ပြေးမကြည့်တာဆိုလို့ မတွေးမိတာတွေပဲ
မတွေးမိတာတွေဘက်
ဦးအောင်ပြေးကြည့်ကြပါစို့ ။

                                          ရန်လင်းအောင်

No comments:

Post a Comment