Thursday, January 14, 2016

ဖတ်သူ ၊ ရန်လင်းအောင်


ဖတ်သူ

အတောင်ပံပဲ
ပုံနှိပ်စာလုံးမှမဟုတ်တာ
အရေပြားနောက်လိုက်ကို
နှစ်ခါပြန် ဘယ်ကြည့်မလဲ ။

အက္ခရာပလိန်း တစ်ခွက်ပြီးတစ်ခွက်
ချောင်းဆိုးရင်ကြပ်ခဲ့ ။

ကိုယ့်စကားကိုယ်ပြောတဲ့နာမည်ပဲ
မွေးစာရင်းထဲ ရောက်ပါတယ် ။       ။

                           ရန်လင်းအောင်
                             ၁၄ ၁ ၂၀၁၆


No comments:

Post a Comment