Wednesday, January 27, 2016

သူခိုး - ရန်လင်းအောင်၊ လင်းရီဝေ

moemakha media 


သူခိုး 

_______

သူခိုး …
သူခိုး … သူခိုး …
တခါက အရပ်ထဲလှည့်ခိုးတဲ့ သူခိုး
နောက်တော့ မြို့တက်
နောက်တော့ နိုင်ငံပတ်
နောက်တော့ ကမ္ဘာလှည့်
လျှာတွေခိုးတယ်
ဦးနှောက်တွေ ခိုးတယ်
အစာအိမ်တွေခိုးတယ်
ခိုးမှန်းမသိအောင်ခိုးတတ်လာတယ်
နောက်တော့…
သူ့ကိုယ်သူတောင်ပြန်ခိုးတယ် ။

သူခိုးဗျိုး …
သူခိုး … သူခိုး…
သံကုန်သံပြာ တစ်ခေတ်လုံးလုံးသာ
အော်ခဲ့ရ ဟစ်ခဲ့ကြ
မဲပြာပုဆိုးတော့ မခိုးသေးဘူး ။ ။

ရန်လင်အောင် ၊ လင်းရီဝေ



No comments:

Post a Comment