Wednesday, February 10, 2016

ချွေးထွက်လွန်ရောဂါ အကြောင်း - ကိုသားကြီး



ချွေးထွက်လွန် ရောဂါ အကြောင်း

___________________________________

ရောက်လာတဲ့ နွေဦး လက်တံရှည်မှာ
တောမီးတွေ အထပ်ထပ် ပွင့်တယ် ။

လိုက်ကာစလေး ဆွဲချထားရုံနဲ့
ပတ်ဝန်းကျင်အသစ် ကို ရောက်မယ်လို့
မယုံဘူး ။

ကျွန်တော်တို့ ကောင်းကင်မှာ
မိုးပျံ ပူပေါင်းပြာပြာတွေ
ဘယ်နေ့ တက်လာမယ်လို့
ဘယ်သူ ကတိပေးနိုင်လဲ ။

အနာဂတ်ဆိုတာ
ရောဂါကပ်ဆိုး မဟုတ်ဘူးဆိုတော့
နည်းပညာကို ပိုးသတ်ဆေး ထူထူဖျန်းရင်း
နေ့ဦးနေရောင် ပျောက်ဆုံးမှုကို
အရောင်စပ် တူးဆွ ကြည့်ချင်တယ်။

မျက်နှာချင်းဆိုင်အဝေးမှာ
ကုန်တင်ဆွဲ ရထား တစ်စင်း စုန်လာပုံမျိုး
မပိုင်ဆိုင်မှန်းသိနေလည်း
သက်ပြင်းက
အလေ့ကျပေါက်တဲ့ ရွက်ထပ်ပင်လို
ဥသြဆွဲသံတွေ ကျွမ်း ရင့် ခြောက် တယ်။ ။

ကိုသားကြီး

No comments:

Post a Comment