Friday, February 26, 2016

လွ င် ပြ င် - ေ အ း ေ စ



လွ င် ပြ င်

______________________

တိမ်တွေ လွင့်နေတာပါ

တစုံတခုကို ဖမ်းဆုပ်ထားရတာ
ညောင်းလာတော့
လက်ပိုက်ထားလိုက်တာပါ

လေတွေနဲ့ထိတွေ့ထားမိတယ်

အလျားလိုက်ပျံသန်းနေတဲ့ဗျိုင်းအုပ်ကို
လက်တစ်ဖက်ဝှေ့ယမ်းပြီး
နှုတ်ဆက်လိုက်တယ်

ကုက္ကိုရွက်ကြွေတစ်ရွက်ကို
မြေပြင်ပေါ်မကျစေချင်တာလည်း
စေတနာ

ဖိနပ်မပါလည်းရတယ်
မြက်ပင်များ ရှိရုံနဲ့တင်
အိမ်ကိုပြန်ရောက်ပါတယ်  … … …

အေးစေ

No comments:

Post a Comment