မိုးလင်းပေါက်ကဗျာ
အိပ်မပျော်လို့မိုးလင်းပေါက်လက္ဘက်ရည်ဆိုင် သွားထိုင်ဖြစ်တယ်
ငါ့လို
မိုးလင်းပေါက်ထိုင်နေတဲ့ ခွေးခြေခုံတွေ
ငါ့လို မိုးလင်းပေါက်လင်းနေတဲ့ဓာတ်တိုင်တွေ ငါ့လို
မခြွေဘဲ ကြွေနေတဲ့ကဗျာ
ငါ ရေးဖြစ်တယ်
မိုးလင်းပေါက်ကြယ်တွေကို တစ်ပွင့်စီ ခြွေရင်းပေါ့လေ ။ ။
No comments:
Post a Comment