Friday, February 19, 2016

ဥ သြ သံ - မောင်သော်တာ

www.abstract.com


ဥ သြ သံ

________________________

ကလေးဘဝ
လူစီးမီးရထားကြီးတွေကိုမြင်ရတိုင်း
ပစ္စည်းစစ်ကစားစရာအရုပ်တစ်ခုကောက်တွေ့သလို
ပျော်ရွှင်ခုန်ပေါက်
လက်ကလေးတွေမြှောက်ခါ မြှောက်ခါ---   ---
ရထားပေါ်ပါလာတဲ့ကလေးတွေကရော
ရိပ်ခနဲပြေးနေတဲ့လမ်းဘေးမြင်ကွင်းအနီးအဝေးတွေကို
ငေးလို့
ပျော်လို့
လက်ပြနှုတ်ဆက်လို့။
အရွယ်စုံလွန်မြောက်လာတဲ့အခါ
ကလေးဘဝနှလုံးသွေးတွေခမ်းခြောက်သွားပြီလား
ပျော်ရွှင်စရာဝတ္ထုအာရုံတွေကျပျောက်ခဲ့ပြီလား
ဒဏ်ရာရ ရထားတစ်စင်းလိုခုတ်မောင်းပြေးလွှားရင်း
နှုတ်ဖျားမှာ
မြည်တမ်းအော်ဟစ်လိုက်တိုင်း
စကားလုံးတွေဖရိုဖရဲ
ဝန်ထုပ်ဝန်ပိုးတွေတရွတ်တိုက်ကြီးပါလာတယ်။

မောင်သော်တာ

ဇန်နဝါရီ၃၁   ၂၀၁၆ တောင်ငူ

No comments:

Post a Comment