Friday, March 25, 2016

ငါ့ လမင်းကို ဘယ်သူရွှေ့သလဲ - မင်းညွန့်လှိုင်



ငါ့လမင်းကိုဘယ်သူရွှေ့သလဲ

______________________
အဲ့ဒီလကိုမသင်္ကာတော့ဘူး
ငါသွားလေရာတကောက်ကောက်
အထီးကျန်ခြင်းကိုအရသာခံနေရော့သလား ။

သူ့ပြည့်ဝန်းမှုကိုစစ်ဆေးရမယ်
သူ့ဒဏ်ရာတွေကိုရော
အလှတရားလို့သတ်မှတ်သင့်ရဲ့လား ။

သူ
ဓာတ်ကြိုးတန်းမှာငြိနေတုန်း
လေးကြောင်းမျဉ်းတွေကြားကူးခတ်နေတဲ့
ဝလုံးပြုံးပြုံးလေးတွေ
အခုပြုံးနေနိုင်ပါဦးမလား ။

သူ
ဓာတ်တိုင်ထိပ်ကလွတ်သည်အထိ
ငါစောင့်ကြည့်မယ်
ကားစင်တင်ထားတဲ့နှလုံးသားနဲ့ပေါ့ ။     ။

                                              မင်းညွန့်လှိုင်


Painting:Fire at Full Moon
By: Paul Klee


No comments:

Post a Comment