Sunday, March 13, 2016

ဧ ည့် သ ည် - မောင်ငြိမ်းချမ်း - ပုဂံမြေ



ဧ ည့် သ ည်   

___________________________

ဘာမှမသိသေးခင်
ဘာမဆိုဝလင်သွားတာလား … ?

တချို့က
မြေမှုန့်မှသည်မြေမှုန့်သို့
တချို့က
ဂတိမှသည်ဂတိသို့ … တဲ့ … …

လူတွေဒီလောက်စည်တဲ့ကြား
အအိပ်ဆတ်လွန်းတဲ့သား
နိုးထမလာသေးပုံဆန်းတယ် ။

ပြောတုန်းဆိုဆဲ
ဆိုင်ကယ်စီးဝင်သွားတဲ့မြေမှုန့်လေး
ခေါင်တိုင်ဝကပြန်ထွက်လာပေါ့ ။       ။

မောင်ငြိမ်းချမ်း ( ပုဂံ/မြေ )



No comments:

Post a Comment