Wednesday, March 9, 2016

ပြာလွင်တဲ့ မနက်ဖြန် - လင်းသက်ငြိမ်



ပြာလွင်တဲ့မနက်ဖြန်


လက်ချင်းမတွဲနိုင်သေးခင်
စိတ်ချင်းတွဲထားလိုက်တယ်   ။
သံစဉ်ညီတဲ့သီချင်းဟာ
အောင်မြင်ဖို့ ရာနူန်းများတယ်လို့
ငါတို့အတွေးကို သထားမယ်  ။
စကားလုံးကောင်းကောင်းတွေမလိုပါဘူး
မက်လုံးလှလှတွေမလိုပါဘူး
လူနှစ်ယောက်ရဲ့အချစ်က
ဘဝတစ်ခုကို ဖန်ဆင်းတယ်  ။
ကမ္ဘာဟာ ဘာတွေပဲဖြစ်နေနေ
ပိုကောင်းတဲ့မနက်ဖြန်အတွက်
မပျက်မကွက်မျှော်လင့်တုန်းပဲ
အကောင်းမြင်ဝါဒအတွက်
ချစ်မေတ္တာဟာ မရှိမဖြစ်မြေဆီမြေနှစ်ပေါ့
တစ်နေ့တော့ ပျော်ရွှင်ခြင်းပန်းတွေကို
သစ္စာတရားနဲ့ အတူတူ သီကုံးမယ်
သိပ်လှတဲ့ အိပ်မက်ဟာ
သိပ်လှတဲ့ ဘဝရဲ့လမ်းမတစ်ခုပါပဲ
ဝေးကွာခြင်းကို
အလွမ်းနဲ့ခြယ်သပြီးတဲ့အခါ
တိမ်ပြာပြာနေ့ကလေး ငုံဖူးနေတာ
ကြည့်တတ်ရင်မြင်ရပေလိမ့်မယ်။      ။      ။

လင်းသက်ငြိမ်


9.9.9.00 အမှတ်တရ


No comments:

Post a Comment