Friday, March 11, 2016

လှိုင်းစီးကြသူများ - Jonathan




လှိုင်းစီးကြသူများ

_________________________

လက်တစ်ကမ်းစာ
ဝေးကွာမှု စီးကြောင်းထဲ
သေမင်းဆိုတာ စုပ်ဝဲ … …

ကိလေသာ မျှားစာနောက်
ထိုး,ထိုး ဟပ်နေလိုက်ကြတာ
နစ်သထက်နစ်လာတဲ့ နွံအိုင်ထဲ
အမှောင်ဟာ … …
နက်သထက် နက်နေကြောင်း
မမြင်နိုင်ကြ  ။

မနက်ဖြန်မှ ကျွတ်တမ်းဝင်ချင်သူ
ဒီနေ့လည်း
တဏှာကျူး ကောင်းပါ့  ။             ။



Jonathan





No comments:

Post a Comment