Sunday, May 1, 2016

ပေါင်မုန့် အကျိုးအပဲ့များ - မိုးကျော်သူ



ပေါင်မုန့် အကျိုးအပဲ့များ

_______________ မိုးကျော်သူ

ဘာမှထုခွဲစရာတွေမကျန်တော့
တဖြေးဖြေးကျနော်တို့မြို့တွေကျနော်တို့နဲ့ဝေးဝေးလာတယ်
ကျနော်တို့မြို့တွေဟာကျနော်တို့
အလည်အပတ်သွားရမဲ့နေရာတွေပေါ့
ဟိုးအဝေးမှာ

ကုတ်ခြစ်ဖက်တွယ်ထားတဲ့ကြားက
တဖြေးဖြေးလွတ်ထွက်သွားနေတဲ့
ကျနော်တို့မြို့တွေ
အဝေးပြေးဘတ်စ်ကားကြီးတွေကိုငေးလို့

မိုးကျော်သူ


အလုပ်သမားနေ့ အမှတ်တရ

No comments:

Post a Comment