Sunday, May 22, 2016

ဟာသ​မှာ အနာ​တွေမပါ​စေနဲ့ကိုယ့်​လူ - လင်းသက်​ငြိမ်



ဟာသမှာအနာတွေမပါစေနဲ့ကိုယ့်လူ


လိုနေတာရောင်းသူမဲ့ဈေးဆိုင်တွေ
မဟုတ်ဘူးဆိုတာသိသင့်တယ်
တစ်ရာတန်ပစ္စည်းဟာတစ်ရာတစ်ကယ်တန်ဖို့
အရေးကြီးပါတယ်
ပိုက်ဆံထိပ် အပ်ချည်ကြိုးသီပြီး
ကစားရမယ့် အရွယ်မဟုတ်တော့ဘူး
ဝလုံးလေးတွေကိုဖြည်းဖြည်းချင်း
ဝိုင်းခဲ့ကြရတယ်
မဟုတ်လား
အရပ်တွေလည်းဖြည်းဖြည်းချင်းရှည်လာခဲ့တာပဲ
မဟုတ်လား
ကိုယ်အကုန်ခံနိုင်တဲ့ငွေကြေးနဲ့
မည်းနေတဲ့မီးသွေးခဲတွေကို
ဘာလို့ တံတွေးထွေးမှာလဲ
စဉ်းစားပါ တွေးခေါ်ပါ စေတနာထားပါ
အလှူမှာထမင်းစားပြီးပုဆိုးနဲ့လက်သုတ်တာကို
ရယ်မောဖို့ကြိုးစားရင် ခင်ဗျားသုံးနေကျ
လက်သုတ်နဲ့ သူဝတ်ထားတဲ့အဝတ်အစားကို
ချိန်ထိုးကြည့်ပါလား
ကိုယ်အရပ်မြင့်တိုင်း ပုတဲ့လူတွေကို
ခေါင်းငုံ့ငုံ့ကြည့်တတ်တဲ့အကျင့်ကိုပြင်လို့ရရင်
ခင်ဗျားမြင်ချင်တဲ့လောကနဲ့
ခင်ဗျားအကြီးကြီးမဝေးတော့ပါ။

လင်းသက်ငြိမ်

No comments:

Post a Comment