Friday, May 6, 2016

ဆူး - လင်းသက်​ငြိမ်



ဆူး 

*****

ဆူးရဲ့အတွင်းသားထဲကအရသာဟာ
နှစ်ဖက်ပဋိပက္ခဖြစ်စရာမလိုဘူးပေါ့ ဒူးရင်းသီး
ဆူးနုနုတွေနဲ့ချက်ထားတဲ့ဟင်းချိုမှာ
အမေ့လက်ရာဟာ တသစရာပေါ့ ဆူးပုတ်
အချဉ်ဟင်းတစ်ခွက်ကို ဆူးတွေထဲကနေဆွဲထုတ်
အစာကြေခဲ့တယ် ရင်ချောင်ခဲ့တယ် ကင်ပွန်းချဉ်
မနှင်းဆီ ကစ်စ်မီကွစ်
ဆူးကြားကအလှတရား
ဘဝဟာ သတိထားရင်ဖြစ်ပါတယ်
တချို့အရာတွေကျ သတိထားရင်းနဲ့လည်း
ဖြစ်လာခဲ့ကြတယ် မဟုတ်လား ။

လင်းသက်ငြိမ်

No comments:

Post a Comment