အ ကြ ာ အ ေ ဝ း
________________________ြ
အစဖော်ဖို့ ကြိုးစားရင်း
အစမှာပဲ တက်နင်းခံမိလျှက်သား အစတွေ
ငါတို့ဟာ
သော့တွဲတွေ အများကြီးနဲ့
ဖွင့်စရာ သော့ခလောက် ပျောက်ဆုံးနေဆဲဘဝတွေ … …
စီးနေတဲ့ ရေထဲ
မျောနေတဲ့ အမှိုက်တွေလား
ငါတိုကိုယ်ငါတို့ သံသယဝင်ဖို့ အချိန်မရှိ
မနက်ဖြန်တွေဟာ
ငါတို့ညတွေထဲ
အမြဲတမ်း ထည့်မက်နေမိတဲ့
အိပ်မက်တွေ … … …
အခု - ကျီထဲမှာ အခွန်တွေနဲ့ ကြွက်တွေ
အခု - အခွန်တွေထဲမှာ
မနက်ဖြန်တွေကို မယုံရဲ စိတ်တွေနဲ့ မျှော်မောနေရခြင်းတွေ … … … …
ငါတို့ဟာ
အကြောင်းတွေထဲမှာ အကျောင်းခံရင်း
အကြောင်းကြောင်းသော အကြောင်းတွေကြောင့်
အကျိုးမျှော်ရင်း မောနေရတဲ့ အကြောင်းတွေလို့
ရိုးရိုးသားသားပဲ ဆိုကြပါစို့
အရပ်ကတို့ … … … …
No comments:
Post a Comment