Monday, May 23, 2016

သင်​ခန်းစာ - လွင်​​နောင်​​နောင်



📝 သင်ခန်းစာ 📝

_______________________

ကြိမ်လုံးကြောက်လို့ ငါငယ်ငယ်က စာရခဲ့
ကြိမ်လုံးကြောက်ပြီး ငါငယ်ငယ်က စာမေ့ခဲ့
ငါတို့ခေတ်မှာ ကြိမ်လုံးဟာ ချစ်ကြောက်ရိုသေစရာဖြစ်ခဲ့
ဘဝရဲ့စာသင်ခန်းတွေကတဆင့်
ဘဝရဲ့လမ်းမတွေပေါ်ငါရောက်ခဲ့တော့
ငါ့ရှေ့မှာ လောကဓံကြိမ်လုံးတွေအခန့်သား
ငါကြောက်လန့်
ငါရုန်းကန်
ငါမပြန်ချင်သောနှစ်များဆီမှာ
ငါစာမေ့ခဲ့သော
ငါစာရခဲ့သော
ငါမလိုချင်ခဲ့သော
ကြိမ်လုံးများ … ။          ။

လွင်နောင်နောင်

No comments:

Post a Comment