Wednesday, August 15, 2012

သွေးစွန်းနေတဲ့သမိုင်း။ ။ အောင်လွန်းမြိုင်










သွေးစွန်းနေတဲ့သမိုင်း

၁၉ ဇူလိုင်………တဲ့
ငါမမွေးခင်က
သွေးစွန်းနေတဲ့သမို င်းသာ
အမွေရခဲ့ပေါ့ 

သွေးစွန်းနေတဲ့သမိုင်းဟာ
ငိုညည်းသံတို့ အထပ်ထပ် ။

သွေးစွန်းနေတဲ့သမိုင်းဟာ
ထိလိုက်တိုင်းနာနေတဲ့ဒဏ်ရာတွေနဲ့ ။

သွေးစွန်းနေတဲ့သမိုင်းဟာ
မျက်ရည်စတွေနဲ့ အသက်ဝအောင်ရှုလို့ ။

သွေးစွန်းနေတဲ့သမိုင်းဟာ
လင်းရာက မှောင်ခဲ့တယ် ။

သွေးစွန်းနေတဲ့သမိုင်းဟာ
စစ်အာဏာရှင်ရဲ့ ပဏာမတေးသံဖြစ်ခဲ့ ။

သွေးစွန်းနေတဲ့သမိုင်းဟာ
ဘ၀တွေအားလုံး လောင်မီးကျခဲ့ ။

သွေးစွန်းနေတဲ့သမိုင်းဟာ
မုဆိုးမဘ၀တွေ လက်ဆောင်ရခဲ့ ။

သွေးစွန်းနေတဲ့သမိုင်းဟာ
အ၀ှက်ခံနေရတာ နှစ်ပေါင်းများစွာ ။

သွေးစွန်းနေတဲ့သမိုင်းဟာ
အ - ကာလနှစ်များကို ဖြတ်သန်းခဲ့ ။


ဗိုလ်ချုပ်လမ်း … တဲ့
မြင်းစီးကြေးရုပ် …တဲ့
အာဇာနည်ကျောက် ….. တဲ့
သွေးစွန်းနေတဲ့သမိုင်းနောက်မှာ
၁၉၆၂ … တဲ့
၇- ဇူလိုင်လူသတ်ပွဲ - -တဲ့
ကျွန်းဆွယ်အရေးအခင်း- တဲ့
တက္ကသိုလ် ရွှေရတုလှုပ်ရှား - တဲ့
ဦးသန့်ဈာပနအရေးအခင်း - တဲ့
၇၅ - ဇွန် ၆ ကျောင်းသားသပိတ် - တဲ့
မှိုင်း ရာပြည့် - တဲ့
ရှစ်လေးလုံးအရေးတော်ပုံ - တဲ့
ရွှေဝါရောင်တော်လှန်ရေး - တဲ့ ………….။


သွေးစွန်းနေတဲ့သမိုင်းဟာ
အခု - မီးထတောက်ခဲ့ပါပြီ ။

နောက်ဆုံးတော့
သွေးစွန်းနေတဲ့သမိုင်းရဲ့ မျိုးဆက်ဟာ
မုဆိုးမ ပေပဲ
ကျွန်တော်တို့အားလုံးဟာ
မုဆိုးမရဲ့ သားတွေအဖြစ်
သွေးမစွန်းသော သမိုင်းနေ့ရက်များဆီ . . . . . . . . .။        

                                                        အောင်းလွန်းမြိုင်

                                             






























1 comment: