Monday, August 13, 2012

နံ့သာပမာ ဖမေတ္တာ

  “နံ့သာပမာ ဖမေတ္တာ”

ယခု မိတ်ဆွေများ သူငယ်ချင်းများကို တင်ပြမဲ့အကြောင်းအရာကတော့ ဆရာတော် အရှင်ဇ၀နရေးသားသော "ဘ၀နှင့်ရင်းရသော အတွေးအမြင်များ" စာအုပ်မှ တိုက်ရိုက် ကူးယူ စာစီပြီး တင်ပြ
ပေးလိုက်ပါတယ်။ မည်သူမဆို နောင် တစ်နေ့ဖြစ်လာမဲ့ မိဘ၊ နေရာမှာ ကိုယ်ချင်းစာစိတ်ကလေးတွေ မွေးစေချင်ပါတယ်၊ အိုးမင်း ရင့်ရော် ၊ ၀င်ငွေမရှိတော့ဘဲ သားသ္မီးတွေကို မှီခိုအားကိုးရမဲ့
မိအို၊ဖအို အရွယ် သားသမီးတွေရဲ့ ပြုစုယုယမှုကို  သင်ဘယ်လို ခံစားချက်မျိုး လိုချင်လဲ။ ဆရာတော်၏ ဆိုဆုံးမစကားအရ.. "သင်သာမိဘကို ကောင်းစွာကျွေးမွေးပြုစုခဲ့လျှ
င်..သင်လည်း သင့်ကို ကောင်းစွာ ကျွေးမွေးပြုစုတဲ့ သားသမီးကို ရမည်ဧကန်ပင်".............


“နံ့သာတုံးမည်သည် မီးရှို့သူကိုပင်လျှင် မီးကျွမ်းသည်အထိ အနံ့ဖြင့် မွှေးစေသကဲ့သို့၊ မိဘတို့သည်လည်း ကျေးဇူးကန်းသော သားသမီးများကိုပင် သေသည်အထိ ကောင်းကျိုးကို ဆောင်တတ်လေသည်”

               ကြက်သားဟင်းပန်းကန်ကို မြင်လိုက်ရသည်နှင့် ဦးလှရွှေတစ်ယောက် “ဟင်”  ကနဲ အာမေဋိတ်သံထွက်သွားပြီး၊ ၀ုန်းခနဲနေအောင် ထရပ်လိုက်မိသည်။ မီးဝင်းဝင်းတောက်ပသောမျက်လုံးမျ
ားဖြင့်၊ ချွေးမရှိရာ ၀ရံတာကိုစူးစိုက်၍ ကြည့်လိုက်သည်။ ဦးလှရွှေအသက် (၇၀) ပြည့်ပြီဖြစ်သော်လည်း ဒေါသအရှိန်ကြောင့် ကျားတစ်ကောင်မာန်ဖီသကဲ့သို့ရှိ
သည်။

               ဘေးအိမ်မှအလည်လာသော မိန်းကလေးက တအံ့တသြဖြစ်ကာ လှည့်ကြည့်သော်လည်း၊ ချွေးမကား ဘာမှမဖြစ်သလို ဦးလှရွှေကို ဂရုမစိုက်ပဲ ပြောလက်စ ရုပ်ရှင်မင်းသားအကြောင်းကိုသာ မြိန်ရေယှက်ရေ ဆက်ပြောလျှက်ရှိသည်။

               “ ဟင် - ခွေးမ ဒါင့ါသားကို ငါပေးထားတဲ့ အမွေတွေကို ထိုင်စားပြီး ငါ့ကို ကျေးဇူးဆပ်တာလား - မိန်းမယုတ်မ အခုအိမ်ပေါ်က ဆင်းသွားစမ်း” ထိုကဲ့သို့ပြောလိုက်ချင်သောစကား
တို့က ရင်ထဲမှာသာမြည်ဟိန်းသွားပြီး လည်ချောင်းဝတွင်ပင် တစ်ဆို့ပျောက်ကွယ်သွားကြသည်။ “ င့ါအိမ်မဟုတ်တော့ပါလား၊ ငါရှာထားတဲ့ထမင်ုးဟင်း မဟုတ်တော့ပါလား “ ဟူသောအတွေးက ပြောချင်သောစကားအပြင်သို့ ရောက်မလာအောင် လည်ချောင်းဝအတွင်းမှာပင် ချေမှုန်းဖျက်ဆီးပစ်လိုက်လေပြီ။

               ဦးလှရွှေတစ်ယောက် အမျက်ဒေါသကို မျိုသိပ်ရင်းဖြင့် ကြက်သားဟင်းပန်းကန်လေးကို တစ်ချက်ငုံ့ကြည့်လိုက်မိပြန်
သည်။ ဟင်းရည်သုံးဇွန်းစာလောက်နှင့်ကြက်ခြေထောက်ရိုးလေး တစ်ချောင်းက ဖခင်မေတ္တာတစ်ခုသာ ပိုင်ဆိုင်မှုရှိတော့သော ဦးလှရွှေကို ပန်းကန်လုံးသေးသေးလေးထဲမှ သရော်ပြနေသယောင်ရှိသည်။ ကြက်တစ်ကောင်လုံး ၀ယ်လာပါလျက်နှင့် ဖခင်အရာ၌ရှိသော ယောက္ခမအား ကြက်ခြေထောက်တစ်ချောင်းသာထည့်ကျွေးခြင်းသည် ပရိယာယ်ဖြင့် သူတို့အိမ်မှ နှင်နေပြီဖြစ်ကြောင်း ဦးလှရွှေရိပ်မိပါပြီ။ ဒေါသအပူကြောင့် အစာအိမ်ပင် လောက်ကျွမ်းသွားလေသလား မသိ။ ထမင်းစားချင်စိတ် လုံးလုံးမရှိတော့။ မိမိအိပ်ခန်းအတွင့်းသို့ အသာအယာဝင်သွားရင်း ကုတင်ပေါ်တွင် ထိုင်နေမိသည်။ ထိုအချိန်မှာပင်ချွေးမက ဘာမှမသိသလို ပုံစံမျိုးဖြင့် သည်အတိုင်း ပစ်ထားခဲ့သော ပန်းကန်ခွက်ယောက်တွေ သိမ်းဆည်းနေသည်ကို အခန်းအတွင်းမှ ကြားနေရသည်။ ရုံးမှာအလုပ်ဆင်းနေသော သားကြီးကို ဒီအကြောင်းတွေသိစေချင်သည်။

               အဆုံးဆိုးကိုမျှော်လင့်ထား
မဘ၀ဟာ နေပျော်မှုရှိတယ်ဟူသော ဆရာတော်၏စကားကို အရင်ပြောစက သဘောမပေါက်မိ။ အခုလက်တွေ့ကြုံမှသဘောပေါက်လာသည်။ ဦးလှရွှေအသက် “၆၈”  နှစ်အရွယ်ကစုံကျနေသဖြင့် ကျန်းမာရေးကထိခိုက်နိုင်သည်ဆိုကာ သားများက ဒုလ္လဘရစန်းဝတ်ပေးကြသည်။

               ထိုစဉ်က ရဟန်းလောင်းဆုံးမခန်းတွင်၊ ကျောင်းထိုင်ဆရာတော်ကြီးထည့်ြေ
ပာသော သြ၀ါဒစကားလေးများကို ဦးလှရွှေပြန်လည်ကြားယောင်နေမိသည်။

               ရဟန်းတွေရဲ့ မှီခိုရာလေးပါဆိုတာ- ဆွမ်းသင်္ကန်းကျောင်း ဆေးပစ္စည်းလေးပါးကိုေ

ပြာတာကို။ ဒီလေးပါးနဲ့ ပတ်သက်ပြီး၊ အတွေးအခေါ်လေးတစ်ခု ပေးစရာရှိတယ်။ အဲဒါက အဆိုးဆုံးကို မျှော်လင့်ထားမှ ဘ၀ဟာ နေပျော်တယ်ဆိုတာပဲ။

               ဒါကြောင့်ငတ်မသေရုံစားရရင် ဆွမ်းဟာလုံလောက်ပြီလို့ ခံယူထားပါ။ အရှက်လုံရုံဝတ်ရင် အ၀တ်ဟာလုံလောက်ပြီလို့ခံယူထားပါ
။ မိုးလုံရုံနေရရင် ကျောင်းဟာလုံလောက်ပြီးလို့ခံယူထားပါ။ နွားကျင်ငယ် ရည်ကိုရရင် ဆေးဟာလုံလောက်ပြီလို့ခံယူထားပါ။

               သြော်  - ဆရာတော်ရဲ့စကားက မှန်လိုက်တာ။ ငါဟာ- ဇနီးငယ်ငယ်ရွယ်ရွယ် ဆုံးသွားပြီးကတည်းက ၊ နောက်အိမ်ထောင်မပြုဘဲ၊ သားသုံးယောက်ကို လူလားမြောက်အောင် ကျွေးမွေးပြုစုခဲ့တာကို သားတွေဆီက၊ အကောင်းဆုံးချည်းပဲ မျှော်လင့်ခဲ့တယ်။

               တစ်ခြားဟာတွေ အသာထား၊ ချွေးမကြက်တစ်ကောင်လုံး ၀ယ်လာတာမြင်လိုက်ကတည်းက အကောင်းဆုံးဖြစ်တဲ့ အသည်းအမြစ်ကလေးကို မျှော်လင့်မိတယ်။ ရလာတော့ ……ဦးလှရွှေ ဆက်မတွေးချင်တော့။ အိပ်ယာလိပ်ကလေးကို ထမ်းပြီး၊ ပခုံးပေါ်တင်လိုက်သည်။

               သားသုံးယောက်လုံး အိမ်ထောင်ကျပြီးကတည်းက၊ ညီအစ်ကို သုံးယောက်နီးနီးနားနား စောင့်ရှောက်ကူညီပြီးနေနိုင်ရန်
၊ တစ်လမ်းတည်းက ခြံများကို ဦးလှရွှေကိုယ်တိုင် ၀ယ်ပေးထားခြင်းဖြစ်၍ တစ်အိမ်နှင့် တစ်အိမ်တစ်ခေါ်ခန့်ထက်ပင် ပို၍နီးပါသေးသည်။ ခြံဝန်းထဲ ၀င်လိုက်သည်နှင့် မုံညင်းစိုက်ရန်၊ မြေဆွနေသော ကိုလတ်ကို တွေ့ရသည်။

               သားသုံးယောက်မှာ နာမည်သီးသန့်ရှိသော်လည်း ၊ ဦးလှရွှေ ကိုယ်တိုင် ကိုကြီး၊ ကိုလတ်၊ ကိုငယ်ဟုခေါ်သဖြင့် ဆွေမျိုးမိတ်ဆွေအားလုံးက ထိုအတိုင်းပဲနှုတ်ကျိုးနေကြသည်။

               “ကိုလတ်”

               ဦးလှရွှေ၏ခေါ်သံကို ကြားလိုက်သည်နှင့် ကိုလတ်က ပေါက်ပြားကို အသာချကာ အနားသို့လျှောက်လာပြီး အိပ်ယာလိပ်တွေကို လှမ်းယူသည်။ နှုတ်မှလည်း

               “အဖေ၊ ကိုကြီးတို့နဲ့ ဘာဖြစ်လို့လဲ”

               “ဘာမှမဖြစ်ပါဘူးကွာ၊ ကိုလတ်နဲ့လည်း တစ်လှည့်နေချင်သေးလို့ပေါ့”

               “ ဟာဝမ်းသာလိုက်တာ အဖေရာ - ကျွန်တော်ကလည်း အဖေစိတ်ပြေ လက်ပျောက် အပြောင်းအလဲလေးဖြစ်အောင်၊ လာခေါ်ပြီး နေခိုင်းဦးမယ်လို့ စိတ်ကူးနေတာ၊ အခု အဖေကိုယ်တိုင်လာတော့ ပိုအဆင်ပြေသွားတာပေါ့”

               ဤကား ဦးလှရွှေ မျှော်လင့်ထားသောစကား၊ သို့သော် ကိုလတ်တကယ်ပြောလိုက်သည်က၊

               “ တစ်လမ်းတည်းနေကြာတာပဲ အဖေရာ၊ ဘယ်အိမ်နေနေ ဘာထူးမှာလဲ၊ တစ်မြို့တစ်ရွာဆီိလည်းထားတော့။ အလကား၊ အဖေက ကိုယ့်ကိုကိုယ် ဒုက္ခရှာတာပဲ”

               ကိုလတ်ပြောသောစကားသည်မှန်ကန်ပါ
၏။ သို့သော်ဦးလှရွှေအတွက် အကျိုးမရှိ။ ဦးလှရွှေနှစ်သက်သော စကားလည်းမဟုတ်။

               အဖေ့ကို ဥစ္စာပစ္စည်းအစားအစာတွေ မနှစ်သိမ့်နိုင်ရင် နေပါကွယ်။ အရင်းအနှီးမစိုက်ရတဲ့ စကားလေးနဲ့တော့ နှစ်သိမ့်စေချင်ပါတယ်ဟူသော စကားကို ရင်ထဲမှာပြောရင်း ဝေ့တက်လာသော မျက်ရည်စများကို၊ ကိုလတ်မမြင်အောင် မျက်တောင်ဖြင့် ကဗျာကယာ ပုတ်ခတ်ထုတ်လိုက်ရင်း၊ မျက်နှာကို တစ်ဖက်သို့ လွှဲနေလိုက်သည်။

               အိမ်ပေါ်ရောက်သည်နှင့် ပက်လက်ကုလားထိုင်ဖြင့်၊ အကျအန ထိုင်၍ ၀တ္ထုဖတ်နေသော ချွေးမအလတ်ကို တွေ့လိုက်ရသည်။ ဦးလှရွှေကို ၀မ်းပမ်းတသာ ကြိုဆိုဖို့နေနေသာသာ ပက်လက်ကုလားထိုင်ပေါ်မှ ထမလာခဲ့ ကိုလတ်က ဘုရားခန်းရှေ့ဖျာခင်းပြီး၊ အိပ်ယာလိပ်ကို ချကာ နေရာပြင်ပေးသည်။ နေရာပြင်သောအခါမှပင် ချွေးမက ၀တ္ထုစာအုပ်မှ မျက်ကိုခဏဖယ်ကာ-

               “သြော်… အဖေလား” ဟုလေးခွန်းသောစကားကို ဆိုကာဝတ္ထုစာအုပ်ကိုဆက်ဖတ်နေတော့
သည်။ သက်မဲ့ဝတ္ထုစာအုပ်တစ်အုပ်လောက်ပင် အလေးထားမခံရသောအခါ ကိုယ့်ကိုယ်ကို သိမ်ငယ်သောစိတ်က ဦးလှရွှေတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ကိုကြီးတို့ဇနီးမောင်နှံနှင့် ပတ်သက်သော ခံစားချက်ကို အားရပါးရ ရင်ဖွင့်လိုက်မည်ဟူသည့် ရည်ရွယ်ချက်မှာလည်း၊ ဘယ်ကိုရောက်သွားမှန်းပင် မသိတော့။

               စကားမပြောနိုင်ဘဲ မှိုင်တွေချနေသော ဦးလှရွှေကို ကိုလတ်က စိတ်ပျက်စွာတစ်ချက်ကြည့်လိုက်
ရင်း.

               “ကဲ ….အဖေ စိတ်ချမ်းသာသလိုနေပေါ့၊ ကျွန်တော်အလုပ်လေးဆက်လုပ်လိုက်
အုံးမယ် “ ဟုပြောကာခြံထဲသို့ ဆင်းသွားလေသည်။ ဘာဥစ္စာပစ္စည်းမှ ထွက်လာစရာမရှိတော့သော ဖခင်သည် သူစိုက်နေသော ဆလက်ရွက်ခင်းတစ်ခင်းလောက် တန်းဘိုးမရှိဟူ သော အဓိပ္ပါယ်ကို ကိုလတ်က အမူအယာဖြင့် ပြောသွားခြင်းသာဖြစ်ကြောင်း ၊ ဦးလှရွှေ သဘောပေါက်လိုက်ပါသည်။

               “အို…ငါ့ကို လုံးလုံးစကားမပြောတာနဲ့စာရင် တော်သေးတာပေါ့ “ ဟု နှလုံးသွင်းကာ သိမ်ငယ်စိတ်ကို ကြံဖန်ပြေဖျောက်လိုက်ရသည်။ အဆိုးဆုံးကို မျှော်လင့်ထားမှဘ၀ဟာပျော်ရွှင်မှု
ရှိတယ်ဟူသော ဆရာတော်၏စကားကို ဦးလှရွှေတစ်ယောက် ကျင့်သုံးတတ်စပြုလာလေပြီ။

               ကိုလတ်တို့အိမ်ရောက်နေသည်မှာ သုံးလခန့်ပင်ရှိနေပါပြီ။ ဦးလှရွှေသူ့ကို ခေါ်မည်ဟု ထင်ထားသော ကိုကြီးကား တစ်ခေါက်မှ ပင်ရောက်မလာခဲ့။ ရုံးကိစ္စ၊ အိမ်ကိစ္စတွေနဲ့ အလုပ်များနေလို့နေမှာပေါ့လေဟုသာ နှလုံးသွင်းပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရသည်။

               မိဘဟူက ရှုမ၀ဟူ၍မရှိ၊ ရင်သွေးဟူက ရှုမ၀ဟူ၍သာရှိသောကြောင့်  ကိုကြီးက ဦးလှရွှေကိုတွေ့ချင်စိတ်မရှိသော
်လည်း၊ ဦးလှရွှေကတော့ ကိုကြီးကိုတွေ့ချင်နေရှာသည်။ ထို့ကြောင့် လမ်းလျှောက်ရင်း  ကိုကြီးအိမ့်ရှေ့ရောက်သည့်အခါ နှလုံးသားအသိ၏ ရိုက်ခတ်မှုကြောင့် ခြေထောက်များက ကွေ့ဝင်ချင်နေသည်။

               သို့သော် ဦးနှောက်အသိ၏ တားဆီးကန့်ကွက်မှုကြောင့်၊ မ၀င်ဖြစ်ခဲ့၊ မိမိကိုအကြောင်းပြုပြီးလင်မယား နှစ်ယောက်စိတ်ဝမ်းကွဲမှာကိုလည်း စိုးရိမ်မိသည်မဟုတ်ပါလား။ ကိုလတ်တို့အိမ်မှာ နေသားတကျ ဖြစ်နေစဉ်မှာပင် တစ်ခုသောရက်တွင် ကိုလတ်က-

               “အဖေ…သားတို့မိသားစုအားလုံး အထက်မြန်မာပြည် အနှံ့ဘုရားဖူးထွက်ကြမလို့၊ဆယ်
ရက်လောက်ကြာမယ်၊ ခရီးကဝေးတော့အဖေလိုက်နိုင်မှာလည်းမဟုတ်ဘူး။ ဒီအိမ်မှာနေခဲ့ရင်လည်း စားရေးသောက်ရေးကခက်မယ် ဒါကြောင့် ကိုငယ်တို့အိမ်မှာ ခဏပြောင်းနေလိုက်ပါဦး” ဟုပြောလာသည်။

               သူတို့အိမ်မှာနေပြီး၊ သူတို့လုပ်စာစားနေရသော ဦးလှရွှေအနေနှင့် ဘာပြောနိုင်ခွင့်ရှိပါမည်နည်း။ အသာခေါင်းငြိမ့်ကာ အိပ်ယာလိပ်ကလေးမပြီး ကိုငယ်တို့အိမ်ရောက်ခဲ့ရတော့သည်


               ကိုငယ်ရော သူ့ဇနီးကပါ လိုလိုလားလားကြိုဆိုကြသဖြင့် ဦးလှရွှေတစ်ယောက် ၀မ်းမြောက်ဝမ်းသာဖြစ်နေသည်။ ကိုငယ်တို့ မိသားစုနဲ့ဘဲ အမြဲနေတော့မည်ဟု ဆုံးဖြတ်လိုက်မိသည်။ သို့သော် ဦးလှရွှေ၏ ၀မ်းသာမှုသည် ဆယ့်ငါးရက်ခန့်သာကြာသည်။

               အကြောင်းကား - ကိုလတ်တို့မိသားစု ဘုရားဖူးရာမှ ပြန်ရောက်လာသော်လည်း ဦးလှရွှေကို လာမခေါ်တော့သောကြောင့်ပါတည်း။ အစကကိုလတ်တို့ဘုရာဖူးပြန်မလာခင် ဆယ်ရက်ခန့်သာ ဦးလှရွှေကိုကျွေးထားရမည်ဟု ထင်သောကြောင့် ကိုငယ်တို့ဇနီးမောင်နှံက ၀မ်းပမ်းတသာရှိနေကြခြင်းဖြစ်သည်


               ဘုရားဖူးပြန်ရောက်ပြီး ငါးရက်ခန့်ကြာသည်အထိ လာမခေါ်သောအခါကျမှ ဦးလှရွှေကို တဖက်လှည့်ဖြင့် မိမိတို့ဆီပို့လိုက်ခြင်းဖြစ်ြေ
ကာင်း ကိုငယ်တို့ ဇနီးမောင်နှံသာ သိပေလိမ့်မည်။

               သားဖြစ်သော ကိုငယ်က ဦးလှရွှေနှင့် ပြောဆိုသောအခါ ခါတိုင်းလို ဟက်ဟက်ပက်ပက်မရှိတော့သည်ကို သတိထားမိသွားသော ချွေးမငယ်က ဦးလှရွှေအပေါ် ဆူဆူအောင့်အောင့် လုပ်လာသည်။ အကြီးချွေးမနှင့် အလတ်ချွေးမ၏ ဒဏ်ကို ခံဖူးလာပြီးဖြစ်သော ဦးလှရွှေမှာ အရေထူပြီဖြစ်၍ ခါတိုင်းလောက်မခံစားရတော့။

               င့ါကိုနှင်ထုတ်တဲ့အထိတော့ မဆိုးကြဘူးဟု နှလုံးသွင်းကာ မသိမသာပင်ဆက်နေလိုက်သည်။ ဦးလှရွှေ ကိုငယ်တို့အိမ်သို့ ရောက်ပြီးသုံးလကျော်ခန့်ရှိသော အချိန်မှာပင် နှင်ထုတ်သည်ထက် ပိုမိုထိရောက်သော စကားတစ်ခွန်းကို ဦးလှရွှေ ကြားဘူးသွားခဲ့သည်။

ထိုညက ခေါင်းကိုက်နေသဖြင့် ဦးလှရွှေကောင်းကောင်းအိပ်မပျော်
။ ခဏအိပ်ပျော်လိုက် ပြန်နိုးလိုက်ဖြင့် ကြက်အိပ်ကြက်နိုး ဖြစ်နေသည်။ ဆယ့်နှစ်နာရီခွဲခန့်တွင် အပေါ့သွားရန် ရေအိမ်သို့အသွား ကိုငယ်တို့ အခန်းမှ ငြင်းခုန်ပြောဆိုသောစကားသံများကို ကြားရသဖြင့် ခဏရပ်၍ နားစွင့်မိသည်။

               “မြင့်ကစေတနာ မရှိလို့ပြောမဟုတ်ဘူး၊ မတရားဘူးထင်လို့ပြောတာ၊ ကိုငယ်တို့ ညီအကိုသုံးယောက်ကို အမွေခွဲပေးစဉ်တုန်းက ကိုငယ်ကို သားအငယ်ဆုံးလေးပဲပြီး၊ တစ်ပြားတစ်ချပ်မှ ပိုပေးတာမဟုတ်ဘူး။ တန်းတူပဲပေးတာ၊ စားစရာရှိတော့ ကိုငယ်ဆီမှာဘဲ အမြဲတမ်း လာစားနေမယ်ဆိုရင် ဘယ်တရားပါ့မလဲ”

               ဦးလှရွှေဆက်လက်နားထောင်နိုင်စွ
မ်းမရှိတော့၊ ရေအိမ်ဆီသို့ ခပ်သွက်သွက်ပင်   လျှောက်လှမ်းသွား လိုက်မိသည်။

               ရပ်ကွက်အတွင်း ဦးသိန်းတို့ အိမ်မှအရုဏ်ဆွမ်းကပ်တစ်ခု ဖိတ်ထားသည် ကိုငယ်က ကွမ်းယာဆိုင်ဈေးထွက်နောက်ကျမှာ
စိုး၍ ဦးလှရွှေကိုတာဝန်လွှဲပေးလိုက်သည်။ မိုးလင်းမှ အေးဆေးဆေးထွက်လာခြင်း ဖြစ်၍ တရားနာမမီတော့ စားသောက်နေကြသော  ဧည့်သည်များ ကိုသာတွေ့ရသည်။

               ဦးလှရွှေကိုတွေ့သည်နှင့် ဦးသိန်းက၀မ်းသာအားရ ဆီးကြိုကာ စားပွဲဝိုင်းတစ်ခုတွင် နေရာချပေးသည်။ မုန့်ဟင်းခါးဖြင့် ဧည့်ခံနေသည်ကိုတွေ့ရသည်။

               စားပွဲ၌ ရပ်ကွက်တွင်းမှ ဦးထွန်းရီ၊ ဒေါ်သိန်းရင်နှင့် ဦးမောင်ကိုတို့ကိုတွေ့ရသည်။ စားရင်းသောက်ရင်းထွေရာလေးပါး ပြောကြရင်းက သက်ကြီးများပီပီ သားသမီးများအကြောင်းကို ရောက်သွားရာ ဒေါ်သိန်းရင်က -

               “ ကျွန်မသားမောင်စိုးတင့်ကတော့ တကယ့်ကိုအားကိုးရတယ် မွေးရကျိုးနပ်တဲ့သားပေါ့” ဟု ပြောလိုက်ရာ ဦးမောင်ကိုက -

               “ ဘယ်လိုကြောင့်လဲဗျ၊ ဆိုစမ်းပါဦး” ဟုမေးသဖြင့် ဒေါ်သိန်းရင်က ဆက်ပြောသည်မှာ -

               “ ကြည့်လေအသက်သုံးဆယ်အရွယ်ထိလည်း မိဘကိုလုပ်ကျွေးတယ်။ တစ်ခါအိမ်ထောင်ကျသွားပြန်တော့
လည်း ကျွန်မကိုလိုလေသေး မရှိအောင် လစဉ်ထောက်ပံ့နေတာပဲ သူ့မယားကိုလည်း တခါတည်း ပြောထားသတဲ့၊ င့ါအမေကို ထောက်ပံ့လို့ မကျေနပ်ဘူးဆိုရင် ချက်ချင်း ကွာပေးမယ်တဲ့ မင်းလဲ မင်းမိဘကို ထောက်ပံ့ပေါ့တဲ့။ ငါ့အတွက် မယားအစားရနိုင်ပေမဲ့ အမေအစားမရနိုင်ဘူးတဲ့”

               ထိုစကားကို ဦးထွန်းရီကလည်း ထောက်ခံသည်။

               “ဟုတ်တာပေါ့ဗျာ၊ မိဘဆိုတာ ဘယ်မှာအစားရနိုင်ပါ့မလဲ၊ ဂျပန်ရောက်နေတဲ့ ကျွန်တော့်သားအငယ်ကောင် အေးမင်းလည်း အိမ်ထောက်ကျလို့ အိမ်သာခွဲသွားတာ၊ ရသမျှလခထဲက တစ်ဝက်ကို ကျွန်တော်ကို လစဉ်ပို့ပေးနေတာပဲ” ဟုတ်တာပေါ့ သူတို့တွေ့က  သားသမီးတွေကို အမွေခွဲမပေးရသေးဘူးမဟုတ်လား။

               ကြားရသောစကားများက သူတို့အတွက် ၀မ်းသာရသော်လည်း ဦးလှရွှေအတွက်ကား ၀မ်းနည်းအားငယ်စိတ်များကို လှိုက်ကနဲတက်လာစေသည်။ သူတို့စကားနားထောင်ရင်းဖြင့် မုန့်ဟင်းခါးပန်းကန်ကို မွှေသာမွှေနေသည်။ တစ်ဇွန်းမှ မသောက်ဖြစ်သေး။ ကြည့်နေရင်းဖြင့် မုန့်ဖက်များက ၀ါးတားတားဖြစ်လာသည်။

               “ ဟင် - င့ါမျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေပါရောလား၊ အပြင်ဘက်စီးကျတော့မယ် တားလို့ရမှာမဟုတ်တော့ဘူး” ဟူသောအတွေးနှင့်အတူ ဦးလှရွှေတစ်ယောက် ဥာဏ်ကူလိုက်ရသည်။

               “ ဟာ- မုန့်ဟင်ခါးက ငရုတ်သီးစပ်လိုက်တာဗျာ”  ဟုပြောလိုက်ပြီး လက်ကိုင်ပုဝါထုတ်ကာ မျက်ရည်တွေကို သုတ်ပစ်လိုက်ရသည်။ ငိုချင်ရက်လက်တို့ ဟူသော စကားအတိုင်း ဘာမှမသိရှာသော ဦးထွန်းရီက ဦးလှရွှေကို စကားဝိုင်းထဲ ထည့်သွင်းပြီး အလှည့်ပေးလာပြန်သည်။

               “ ဦးလှရွှေကြီးက ပိုအားကိုးရမှာဗျ။ သူကသားသုံးယောက်တောင် ကျွန်တော်တို့လို တစ်ယောက်တည်းမဟုတ်ဘူး၊ ဟုတ်တယ်မဟုတ်လား ဦးလှရွှေ”

               သည်လိုဆိုပြန်တော့လည်း သူ့သားတွေကို ဦးလှရွှေက ဂုဏ်မပျက်စေချင်၊ ဂုဏ်တက်စေချင်သည်။ ထိုကြောင့်-

               “ဟာ - အားကိုးရတာပေါ့ဗျာ။ ညီအစ်ကိုသုံးယောက် သူ ကျွေးထားမယ်၊ ငါကျွေးထားမယ်နဲ့ ငြင်းခုန်နေကြလို့ အခုတလှည့်စီ  လိုက်နေပေးရတယ်လေ။”

               နောက်တစ်နေ့တွင် ဦးသိန်းတို့အိမ် ဆွမ်းကျွေးမှာ ဦးလှရွှေပြောခဲ့သော စကားအတိုင်းဖြစ်လာသည်။ ကိုကြီးတို့လင်မယားသည် ဦးလှရွှေကို ဆိုက်ကားနှင့်အကျအနပင် လာ၍ တင်ခေါ်သွားကြသည်။ နေ့စဉ်ကျွေးမွေးလိုက်သည်မှာလည်း ဘုန်းကြီးဝိုင်းရှုံးလောက်သွား
သည်။

               ပြစုယုယလိုက်သည်မှာလည်း ရကာစ လင်မယားရှုံးလောက်သည်။ ကိုကြီးတို့အိမ်နေ၍ တစ်လအကြာမှာပင် ကိုလတ်တို့လင်မယားကလည်း ဦးလှရွှေကို မရမကလာခေါ်ပြန်သည်။ သားများကို တစ်လှည့်စီကုသိုလ်ရစေချင်သော ဦးလှရွှေကလိုက်ချင်သော်လည်း ကိုကြီးကမထည့်။

               ညီအစ်ကိုနှစ်ယောက် စကားများမည်စိုးရိမ်သဖြင့် ရပ်ကွက်မှရပ်မိရပ်ဖလူကြီးများ
ကပင် တစ်ယောက်တစ်လစီ ပြုစုကျွေးမွေးကြဟု ဖြန်ဖြေပေးလိုက်ရသည်။

               ထို့ကြောင့် ကိုကြီးမကျေနပ်သည့်ကြားထဲက ကိုလတ်က ဦးလှရွှေကိုခေါ်ယူကျွေးမွေးခွင့်
ရသွားသည်။ မိဘကို အလုအယက်ပြုစုလုပ်ကျွေးချင်လှသော သူတို့ညီအစ်ကိုများ၏ သတင်းက ရပ်ကွက်ထဲတွင်ကျော်ကြားသွားသည်။

               တဖန်ကိုလတ်အိမ်နေ၍ တစ်လအကြာမှာပင် ကိုငယ်တို့လင်မယားက မဖြစ်မနေ ဦးလှရွှေကို လာခေါ်ကြပြန်သည်။ ကိုလတ်က လုံးလုံးပြန်မထည့်။ ကိုငယ်က သားတစ်ယောက်ဖြစ်သော သူ့ကိုလည်းပြုစုခွင့် တစ်လှည့်ပေးသင့်ကြောင်းတောင်းခံ
သည်။ ကိုလတ်ကခွင့်မပြု။

               ထိုအခါ ကိုငယ်က ရပ်ကွက်လူကြီးများထံ တိုင်စာတင်လိုက်သည်။ ရယူလိုမှုကြောင့်တင်ကြသော တိုင်စာများကြားတွင် ပေးဆပ်ကျွေးမွေးလိုမှုကြောင့် တိုင်ကြားသော ကိုငယ်၏စာက ရပ်ကွက်ထဲတွင်သာမက မြို့နယ်တစ်ခုလုံးသို့ပင် ထင်ရှားကျော်ကြားသွားခဲ့သည်။

               ကိုငယ်၏တိုင်စာမူ စာပိုဒ်တစ်ခုမှာ- ဆရာတော်တစ်ပါး ရေးပေးဟန်တူသည်။ အတွေးအခေါ် အနှစ်သာရနှင့် အလွန်ပြည့်ဝနေသည်။

               ထို့ကြောင့် ယင်းစာပိုဒ်ကလေးကို မိဘဖြစ်သူ အတော်များများ ကူးယူ၍ သားသမီးများကို သြ၀ါဒပေးကြကြောင်းသိရသည်။ ထိုစာပိုဒ်လေးမှာ-

               ၁။ မိဘများအသက်ထင်ရှားရှိနေသေးခြင်
း။

               ၂။ မိမိကိုမှီခိုနေချိန်လည်းဖြစ်ြ
ခင်း။

               ၃။ မိမိကမိဘကိုကျွေးမွေးပြုစုလိုေ
သာ သဒ္ဒါတရားရှိခြင်း။

               ၄။ ပြုစုကျွေးမွေးနိုင်သောပစ္စည်း
ဥစ္စာရှိခြင်း။

               ဤအချက်လေးချက်နှင့် ပြည့်စုံမှသာ သားသမီးက မိဘကိုပြုစု လုပ်ကျွေးခွင့်ရပါသည်။ ကျွန်တော့မှာ နှစ် အချက်မှလွဲ၍ ကျန်အချက်များပြည့်စုံနေပါသည်။ သို့အတွက် ဖခင်မသေမီ ပြုစုလုပ်ကျွေးခွင့်ရရန် ဖခင်ကို ကျတော်၏ နေအိမ်သို့ခေါ်ခွင့်ပြုရန် လျှောက်ထားအပ်ပါသည်တဲ့။

               ထို့ကြောင့် ရပ်ကွက်လူကြီးများက ညီအစ်ကိုသုံးယောက်လုံး တစ်လစီပြုလုပ်စုလုပ်ကျွေးကြရန် ဖြန်ဖြေပေးလိုက်သဖြင့် ဦးလှရွှေ တစ်ယောက် ကိုငယ်တို့အိမ်သို့ရောက်သွာြး
ပန်လေသည်။ မိဘကို အလုအယက် လုပ်ကျွေးချင်ကြသော သူတို့ညီအစ်ကိုသုံးယောက်၏ ဂုဏ်သတင်းမှာကား သမိုင်းဝင်ဖြစ်သွားသည်။

               အရင်က သူ့အပေါ် စေတနာမေတ္တာမထားကြသော သားများယခုအခါကျမှ ဘာကြောင့် စေတနာမေတ္တာထားလာကြသည်ကို ဦးလှရွှေတစ်ယောက်မှတစ်ပါး မည်သူမှမသိ။ ပထမဆုံးကိုကြီးနှင့် နှစ်ယောက်ချင်းတွေ့ဆုံပြီး-

               “ ကိုကြီး သားသုံးယောက်ထဲမှာ ကိုကြီးအပေါ်အဖေပိုပြီးတော့ ချစ်တယ် အဖေ့ကိုပြုစုယုယတဲ့နေရာမှလည်း ကိုကြီးကအသာဆုံးမဟုတ်လား။ ဒါကြောင့် အဖေကွယ်လွန်ခဲ့ရင် အဖေအုံးအိပ်တဲ့ ဒီခေါင်းအုံးကလေးကို အရယူပါ “ အတွင်းစကားကို တစ်ခါသာပြောလိုက်ရသည်။ ကိုကြီးသည် ကိုငယ့်အိမ်မှချက်ချင်းပြန်ခေါ်
သည်မဟုတ်ပါလား။

               ထိုအချိန်ကတည်းက သွေးတိုးရောဂါနှင့် နှလုံးရောဂါပါ ဒုက္ခပေးနေပြီဖြစ်၍ ကိုယ့်ကိုယ်ကို သိပ်မကြာတော့ဆိုသည်ကို ဦးလှရွှေသိထားသည်။ ထိုကြောင့်ကိုကြီးဆီတစ်လခန့်ရှိ
သည်နှင့် ကိုလတ်ကို နှစ်ယောက်တည်း တီးတိုးပြောခဲ့ပြန်ရာ ယခုကိုငယ်တို့အိမ်ရောက်နေပြန်သည်။ “ ဆင်ဖြူတော်မှီ၍ ကြံစုပ်သည်” ဟူသော စကားပုံကို ဦးလှရွှေအတွက်ဆိုလျှင် တစ်မျိုးပြောင်းရမည်။ မည်သို့ပြောင်းရမည်နည်း။ ခေါင်းအုံးမှီ၍ ထမင်းစားသည်ဟူ၍။

               သူတို့ညီအစ်ကို၏ မျက်စေ့သုံးစုံက အမှတ်တမဲ့ကြည့်လျှင် အသက်ထွက်ခါနီးရောဂါဝေဒနာခံစားေ
ရသော ဦးလှရွှေမျက်နှာကို ကြည့်နေသည်ဟု ထင်ရသော်လည်း တကယ်ကျတော့ ဤသို့မဟုတ် ဦးလှရွှေအုံးထားသော ခေါင်းအုံးကိုသာ စိုက်ကြည့်နေကြခြင်းဖြစ်သည်။

               သလိပ်များတဝေါဝေါနှင့်သုံးချက်
ခန့်တက်ပြီး နောက်တစ်ချက်တွန့်ခနဲဖြစ်သွားကာ ဦးလှရွှေငြိမ်သက်သွားလေပြီ။ ဦးလှရွှေတွင် လအတော်ကြာကတည်းဖြစ်နေသာ နှလုံးရောဂါနှင့် သွေးတိုးရောဂါကို ဂရုမစိုက်ခဲ့ကြသော ညီအစ်ကို သုံးယောက်သည် ဦးလှရွှေတွင်ရှိနေသော တစ်ခုတည်းသော ခေါင်းအုံးကလေးကိုတော့ စောင့်ကြည့်နေကြသည်ဖြစ်ရာ ကိုကြီးကဘေးတွင်အသင့်ထားသော ခေါင်းအုံးအသစ် ကလေးနှင့်   ဦးလှရွှေခေါင်းအုံးလောက်မှ ခေါင်းအုံးကို လဲယူလိုက်ရာ ကိုလတ်က-

               “ ကိုကြီး အဲသလိုမလုပ်ပါနဲ့။ ဒီခေါင်းအုံးကို အဖေသေရင်ယူဖို့ ကျတော့်ကို သေချာမှခဲ့တယ်” ဟုပြောရာ ကိုကြီးက-

               “ ဟ…ငါ့ကိုလည်း သေချာမှာထားလို့ယူတာပေါ့” ဟုပြန်ပြောလိုက်စဉ် ကိုငယ်က-

               “ကျတော်ကိုလည်းမှာလိုက်တယ်။ ကျတော်နဲ့လည်း ဆိုင်တယ်” ဟုအငြင်းအခုန်ဖြစ်နေကြသဖြင့် ရပ်ကွက်လူကြီးများကို ခေါ်ပြီး ရှင်းကြရသည်။ လူကြီးများ အသက်ရှိစဉ်က အညီအမျှ ကျွေးမွေးပြုစုခဲ့ကြသလို၊ ရစရာရှိလျှင်လည်း အညီအမျှဝေယူကြပါဟု ပြန်ဖြေပြီး ခေါင်းအုံးကို ဓားဖြင့်ခွဲလိုက်ရာ ဦးလှရွှေအခန်းထဲတွင် လဲမှို့များဖွာလန်ကြဲသွား သည်။

               လူကြီးများကိုယ်တိုင် ခေါင်းအုံးအတွင်းနှံ့စပ်အောင်ရှ
ာဖွေပါသော်လည်း စိန်-ရွှေ-ငွေ- ရတနာဘာတခုမှမတွေ့။ အတန်ကြာမှ စာရွက်လေးတစ်ရွက်ကို တွေ့ကြရသည်။

               အားတက်သွားကြပြီး စာရွက်ကို အမြန်ဖြန့်လိုက်ကြသည်။ မြှုပ်ထားသော ရတနာများရှိရာ ညွှန်ပြသည့် မြေပုံစာရွက်ဟူသော အထင်ဖြင့် ရပ်ကွက်လူကြီးက အသံကျယ်ကျယ်ဖြင့် ဖတ်လိုက်သည်မှာ-

               “  သားတို့- အဖေ့လို မခံစားကြရအောင် ကိုယ့်သားသမီးကို မသေခင် အဝေးကြီးကတည်းက အမွေမခွဲကြပါနဲ့” ဟူ၍ဖြစ်သည်။

               စာပိုဒ်တိုလေးအဆုံးတွင် ရပ်ကွက်လူကြီးများမှာ ဘာမှနားမလည်နိုင်ကြသဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ေ
နသည်။ အကြောင်းသိဖြစ်သော ကိုကြီးတို့ ညီအစ်ကိုသုံးယောက်မှာကား ရင်ထဲတွင် လှိုက်ခနဲဖြစ်သွားပြီ မျက်ရည်များတတွေတွေစီးကျလာသည်။

               ရပ်ကွက်လူကြီးဦးသောင်းက-

               “ ကိုကြီးတို့ - ဒီစာပိုဒ်ကလေးဟာ ဦးလှရွှေဘ၀နဲ့ရင်းပြီးမှ ရခဲ့တဲ့အတွေးအမြင်သြ၀ါအသိပညာ အမွေတစ်ခုပဲ။ မင်းတို့ကို နောက်ဆုံးပေးခဲ့တဲ့ တန်းဖိုးဖြတ်မရတဲ့ အမွေပေါကွာ။ ဒါပေမဲ့ ဒီအဆုံးအမရဲ့ဒာဓိပ္ပါယ် အပြည့်အစုံကို ကျန်ရစ်ခဲ့တဲ့မင်းတို့ပဲသိမယ်။ ကြားကတို့ကတွေ ပါသိအောင် မင်းတို့နည်းနည်းရှင်းမပြနိုင်
ဘူးလား” ဟုမေးလိုက်ရာ-

               ညီအစ်ကို သုံးယောက်ထဲက မည်သည့်ဖြေရှင်းချက်မှ ထွက်မလာ နောင်လည်းဘယ်တော့မှ ဖြေရှင်းပြလိမ့်မည်မဟုတ်ပေး။

                                                                                                                                                               မေတ္တာရှင် (ရွှေပြည်သာ)      

No comments:

Post a Comment