Thursday, September 6, 2012
လေးကျွန်းမြေ၏ .... ဓမ္မဒါန (၃)
           ပဉ္စက တည့်
        ငါးနှစ်  ငါးနှစ်ကို ပဉ္စက တစ်ခု တစ်ခု လို့ခေါ်တယ်၊ ယနေ့ အသက် နှစ်ပေါင်း (၁၀၀)တစ်ရာတန်းဖြစ်လို့ ပဉ္စကငါးနှစ် တစ်ခု တစ်ခုနဲ့ သတ်မှတ်လိုက်ရင် ပဉ္စကပေါင်း နှစ်ဆယ်ဖြစ်ပါတယ်။ ဒါကို မြန်မာလို လွယ်လွယ်ခေါ်ရင် ပထမငါးနှစ်၊ ဒုတိယငါးနှစ်၊ တတိယငါးနှစ်၊ စတုတ္ထငါးနှစ်၊ ပဉ္စမငါးနှစ်၊ ဆဋ္ဌမငါးနှစ်၊ သတ္တမငါးနှစ်၊ အဋ္ဌမငါးနှစ်၊ န၀မငါးနှစ်၊ ဒသမငါးနှစ်၊ ဧကာဒသမငါးနှစ်၊ ဒွါဒသမငါးနှစ်၊ တေရသမငါးနှစ်၊ စုဒ္ဒသမငါးနှစ်၊ ပန္နရသငါးနှစ်၊ သောဠသမငါးနှစ်၊ သတ္တရသမငါးနှစ်၊ အဋ္ဌာရသမငါးနှစ်၊ ဧကူန၀ီသတိမငါးနှစ်၊ ၀ီသတိမငါးနှစ် လို့၊ အပုံ (၂၀)ရပါတယ်။
      အသက်တစ်ရာ - အနှစ်တစ်ရာကို  အပုံ (၂၀) ပုံ၍ ၀ိပဿနာ ရှုနည်း
ပထမငါးနှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် ဒုတိယငါးနှစ် သို့ မလိုက်ပါ။ ထို ပထမငါးနှစ်၌သာလျှင်   
ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
ဒုတိယ ငါးနှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် တတိယငါးနှစ် သို့ မလိုက်ပါ။ထိုဒုတိယငါးနှစ်၌သာလျှင်
ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
တတိယငါးနှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် စတုတ္ထငါးနှစ် သို့ မလိုက်ပါ။ ထိုတတိယငါးနှစ်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
စတုတ္ထငါးနှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် ဒုတိယငါးနှစ် သို့ မလိုက်ပါ။ ထို ပဉ္စမငါးနှစ်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        ဤနည်းအတူ (ရှေးဆိုခဲ့ပြီးသည်ကို  နည်းမှီ၍ ) –  ပဉ္စမငါးနှစ်၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် ဆဋ္ဌမငါးနှစ်သို့ မလိုက်ပါ ။ (အစရှိသည်ဖြင့် ဆဋ္ဌမငါးနှစ်၊ သတ္တမငါးနှစ်၊ အဋ္ဌမငါးနှစ်၊ မှသည် ၀ိသတိမငါးနှစ်တိုင်အောင်ဆိုပြီးနောက်)
        အဲဒီလိုရှုပါ၊ ဤကား အဋ္ဌကထာမှာလာတဲ့ ငါးနှစ်တစ်စု၌ ပဉ္စကနည်းနဲ့ ၀ိပဿနာအကျယ်ရှုတဲ့နည်း ဖြစ်ပါတယ်။
စတုက - အပုံပေါင်း ၅ - ပုံ ပုံ ၍ ၀ိပဿနာရှုနည်း
        (၄) နှစ် - (၄)နှစ်ကို စတုကတစ်ခု တစ်စုလို့ ခေါ်တယ်။ ယနေ့ နှစ်ပေါင်း တစ်ရာသက်တမ်းဖြစ်လို့ စတုက - ၄ -နှစ်  တစ်စု တစ်စု နဲ့ သတ်မှတ်လိုက်လျှင် စတုကပေါင်း နှစ်ဆယ့်ငါး ဖြစ်ပါတယ်။ဒါကိုမြန်မာလို လွယ်လွယ်ခေါ်ရင် ပထမ ၄ နှစ်၊ ဒုတိယ ၄ နှစ်၊ တတိယ ၄ နှစ်၊ စတုတ္ထ ၄ နှစ်၊ (ပေယျာလ) ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ၊ န၀မ၊ ဒသက၊ ဧကာဒသမ၊ ဒွါဒသမ၊ တေရသမ၊ စုဒ္ဒသမ၊ ပန္နရသမ၊ သောဠသမ၊ သတ္တရသမ၊ အဋ္ဌာရသမ၊ ဧကူန၀ီသတိမ၊ ၀ီသတိမ၊ ဧက၀ီသတိမ၊ ဒွါဝီသတိမ၊ တေ၀ီသတိမ၊ စတုဝီသတိမ - ၄ နှစ် လို့ ၂၅ ပုံ ရပါတယ်။ထိုသို့ ၂၅ ပုံ  ပုံပြီးနောက် ............
        ပထမ ၄ နှစ် ၌ဖြစ်သော ရုပ်နာမ်တရားတို့သည် ဒုတိယ ၄ နှစ်သို့ မလိုက်ပါ ။ထို ပထမ ၄ နှစ်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        ဒုတိယ ၄ နှစ်၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် တတိယ ၄ နှစ်သို့ မလိုက်ပါ။ ထို ဒုတိယ ၄ နှစ်၌သာလျှင်ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        ဤနည်းအတူ တတိယ ၄ နှစ် က စတုတ္ထနှစ်၊ စတုတ္ထ ၄ နှစ် က ပဉ္စမ ၄ နှစ် စသည်ဖြင့် .................ဒသမ ၄နှစ် က  ဧကာဒသမ ၄ နှစ် ( ပါဠိလိုဆိုရတာ ခက်တယ်ဆိုရင်)၊ ၁၁ ခုမြောက် ၄ နှစ်၊ ၁၂ ခု မြောက် ၄ နှစ် ၊ ၁၃ ခုမြောက် ၄ နှစ် ............စသည်ဖြင့် ၂၃ ခု မြောက် ၄ နှစ် တိုင်အောင် ရှေးနည်းအတူ ဆိုရိုးပြု ရှုပြီးလျှင် .............
        ၂၃ ကြိမ်မြောက် ၄- နှစ် ဖြစ်သော ၊ ရုပ်နာမ်တရားတို့သည် ၂၄ - ကြိမ်မြောက် ၄ - နှစ်သို့ မလိုက်ပါ၊ ထို ၂၃ ကြိမ်မြောက် ၄ နှစ် ၌သာလျှင်ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား။
        ၂၄  ကြိမ်မြောက် ၄ - နှစ်ဖြစ်သော ရုပ်နာမ်တရားတို့သည်၊ ၂၅ ကြိမ်မြောက် ၄- နှစ်သို့ မလိုက်ပါ ။ ထို ၂၄ ကြိမ်မြောက် ၄နှစ်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
၂၅ ကြိမ်မြောက် ၄ နှစ်ဖြစ်သော ရုပ်နာမ်တရားတို့သည် နောက်တစ်ဖန် ဘ၀သစ်သို့ မလိုက်ပါ။ ထို ၂၅ - ကြိမ်မြောက် ၄နှစ်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        အဲဒီလို ရှုပါ။ ဤကဲ့သို့ ရှုခြင်းသည် အဋ္ဌကထာမှာလာတဲ့ ၄ နှစ် တစ်စု၊ ၄ နှစ် တစ်စု စတုကနည်းနဲ့ ၀ိပဿနာအကျယ် ရှုပွားခြင်းဖြစ်ပါတယ်။
         တိက - အပုံပေါင်း  ၃၃ပုံ  ပုံ၍ ၀ိပဿနာရှုနည်း
        ၃ နှစ် ၃နှစ် ကို တိကတစ်စု တစ်စု ၊ လို့ခေါ်ပါတယ်။ ယနေ့ အသက် နှစ်ပေါင်း(၁၀၀)တန်းဖြစ်လို့၊ တိက ၃နှစ် တစ်စု ၃နှစ်တစ်စု နဲ့ သတ်မှတ်ရင် တိကပေါင်း ၃၃ဖြစ်တယ်၊ ဒါကိုမြန်မာလို လွယ်လွယ်ခေါ်ရင် .... ပထမ ၃နှစ်၊ ဒုတိယ သုံးနှစ်၊ တတိယ သုံးနှစ်၊ စတုတ္ထ သုံးနှစ်၊ ပဉ္စမသုံးနှစ် (ပေယျာလ) ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ၊ န၀မ၊ ဒသမ၊ ဧကာဒသမ၊ ဒွါဒသမ၊ တေရသမ၊ စုဒ္ဒသမ၊ ပန္နရသမ၊ သောဠသမ၊ သတ္တရသမ၊ အဋ္ဌာရသမ၊ ဧကူန၀ီသတိ၊ ၀ီသတိမ၊ ဧက၀ီသတိ၊ ဒွါဝီသတိမ၊ တေ၀ီသတိမ၊ စတုဝီသတိမ၊  ပဉ္စ၀ီသတိမ၊ ဆဗ္ဗီဝီသတိမ၊ သတ္တ၀ီသတိမ၊ အဋ္ဌ၀ီသတိမ၊ ဧကူဝီနတိံသတိမ၊ တိံသတိမ၊ ဧကတိံသတိမ၊ ဒွတ္တိံသတိမ၊ တေတ္တိံသတိမ နှစ်လို့  ၃၃ ပုံ ရှိပါတယ်။ ထိုသို့ ၃၃ ပုံ ပြီးနောက် ..........
        ပထမ ၃ နှစ် ဖြစ်သော ရုပ်နာမ် တရားတို့သည် ဒုတိယ ၃ နှစ်သို့ မလိုက်ပါ၊ ထိုပထမ ၃ နှစ်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ ပါတကား၊ အနတ္တတို့ပါတကား ။ဒုတိယ ၃နှစ်၌ ဖြစ်သော ရုပ်နာမ်တို့သည် တတိယ ၃နှစ်သို့ မလိုက်ပါ။ ထို ဒုတိယ ၃ နှစ်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        ဤနည်းအတူ တတိယ ၃နှစ်က စတုတ္ထ ၃ နှစ်၊ စတုတ္ထ ၃နှစ်က ပဉ္စမ ၃နှစ်၊ ပဉ္စမ ၃နှစ်က ဆဋ္ဌမ ၃နှစ်၊ ဆဋ္ဌမ ၃နှစ်က သတ္တမ ၃နှစ်၊ စသည်ဖြင့် (ပါဠိလိုဆိုရတာ ခက်တယ်ဆိုရင်) ၁၁ ခုမြောက် ၃နှစ်၊ ၁၂ ခု မြောက် ၃ နှစ်၊ ၁၃ ခုမြောက် ၃ နှစ်(ပေယျာလ..........) ၂၉ ခုမြောက် ၃ နှစ်၊ ၃၃ ကြိမ်မြောက် ၃ နှစ် တိုင်အောင် ရှေးနည်းအတူဆိုရိုးပြုပြီး ရှုလျှင်......
        ၃၂ ကြိမ်မြောက် ၃နှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် ၃၃ ကြိမ်မြောက် ၃ နှစ်သို့မလိုက်ပါ။ ထို ၃၂ ကြိမ်မြောက် ၃နှစ်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
(၃၃ ကြိမ်မြောက် ၃နှစ် ဟုဆိုလျှင် (၉၉)နှစ် ရှိသွားပြီနော်၊ သတိပြုထားပါ။
        ၃၃ ကြိမ်မြောက် ၃နှစ် (၉၉)နှစ် ၌ဖြစ်သော ရုပ်နာမ်တရားတို့သည် နောက်တစ်ဖန် ဘသသစ်သို့ မလိုက်ပါ။ထို ၃၃ ကြိမ်မြောက် ၃ နှစ် (၉၉)နှစ်၌သာလျှင်ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        အဲဒီလို ရှုပါ၊ ဤသို့ရှုလျှင် အဋ္ဌကထာမှာလာတဲ့ ၃ နှစ်တစ်စု၊ ၃နှစ်တစ်စု တိကနည်းနဲ့ ၀ိပဿနာအကျယ်ရှုပွား ခြင်းဖြစ်ပါတယ် ။
        ရှုပွားဖို့ပလြိုတယ်နော်၊ ရှုဖို့နည်းကမခက်ဘူး၊ အဲ့ဒီရှုနည်းကို ယခု ဘုန်းကြီး ပြောနေတာဟာ စာပေပရိယတ္တိနယ်မှ စာမူအတိုင်းပြောနေတယ်၊ တစ်နည်းအားဖြင့် မဟာဝိသုဒ္ဓါရုံဆရာတော် ဘုရားကြီး များ ညွှန်ကြားတဲ့နည်းကိုပဲ ဘုန်းကြီးများပြောနေတယ်။
        “ သုံးပါးသက်ရွယ်၊ ဆယ်ဒသက၊ ပဉ္စကတည့်၊ စတုက + တိ၊ ဒွိနှင့် ဧက ” စာပိုဒ်သို့ ရောက်လာပြီ၊ ဒွိဆိုတာက ၂ နှစ် တစ်စု၊ ၂ နှစ်တစ်စု (နှစ် ၁၀၀) ကို အပုံ ၅၀ ပုံ၍ ရှုရမည်ကို ဆိုလိုတယ် ။
                                                          ဆက်လက်ဖေါ်ပြပါဦးမယ်။
                                                            ပုညသင်္ဂဟ - ဦးဝိမလ
No comments:
Post a Comment