မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏၀ိပဿနာတရားတော်ကို
လေ့လာဆည်းပူး ကျင့်ကြံ အားထုတ်ရန်
စိတ်ရည်သန်ကြကုန်သော ဓမ္မမိတ်ဆွေများအတွက် . . . . . . . . စာရေးဆရာ၊ဆရာကျော်နန္ဒအောင်စုဆောင်းပူဇော်ထားသည့်
ကျေးဇူးတော်ရှင်ဆရာတော်ကြီးများ၏၀ိပဿနာရှုနည်းများပေါင်းချုပ်
(ဒုတိယ)တွဲစာအုပ်မှ -
မင်းကွန်းဆရာတော်ဘုရားကြီး ဟော ကြားထားတော်မူသော
အာနာပါနဿတိ သမာဓိဘာဝနာနှင့် ၀ိပဿနာ တရားတော်မြတ်
အား ဓမ္မဒါနအဖြစ် အပိုင်းခွဲ၍
ပညာပါရမီ နိဗ္ဗာန်ရည်၍ လှူဒါန်းဖြန့်ဝေလိုက်ပါတယ်။
ဣဒံမေ ပုညံ ဗောဓိ ဉာဏဿ ပစ္စယော ဟောတု ။ . . . . .။
ကျေးဇူးတော်ရှင်
မင်းကွန်း တိပိဋက ဆရာတော်ဘုရားကြီး၏
အာနာပါနဿတိ သမာဓိဘာဝနာနှင့် ၀ိပဿနာ တရားတော်
အနုဂါမိကဥစ္စာ - (၄) ပါး
ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့ ၊ယနေ့ မိမိတို့ ကျင့်သုံးရမည့်တရား၊ ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့ ကျင့်သုံးနေ ကြတဲ့ တရားဟာ -
၁ ။ ဒါန
၂ ။ သီလ
၃ ။ သမာဓိ
၎ ။ ပညာ ရယ်လို့ (၄) ပါးရှိပါတယ် ။
အဲဒီတရား(၄) ပါးတို့ကို နိဓိကဏ္ဍသုတ္တန်မှာ အနုဂါမိက ဥစ္စာ(၄) ပါးလို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တယ် ။ (သံသရာတစ်လျှောက် နိဗ္ဗာန်ရောက်အောင် မိမိနောက်လိုက်ပါတဲ့ ဥစ္စာ (၄) မျိုး လို့ ဆိုလိုပါတယ် ။ )
အဲဒီ (၄) မျိုးထဲမှာ နေ့စဉ်မိမိတို့ သည် တတ်နိုင်သလောက် ဒါနကောင်းမှုကို ပြုလျက်ရှိကြသည် ။နေ့စဉ်နေ့စဉ် ငါး ပါးသီလ၊ ရှစ်ရက်သတင်း၊ လပြည့်၊ လကွယ် ၊ အခါကြီး၊ရက်ကြီး ၊နေ့ကြီးများ၌ ရှစ်ပါးသီလကို ဆောက်တည်ခံယူ ကျင့် သုံး ခြင်းဖြင့် သီလတည်းဟူသော အနုဂါမိကဥစ္စာကို မြှပ်နှံသိုမှီး သိမ်းဆည်းနေကြတယ်။
အရဟံဂုဏ်တော် ပုတီးစိပ်
တစ်ခါ သမာဓိခေါ်တဲ့ ကောင်းမှုဖြစ်အောင်ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို. . .
”ပုတီးဘယ်လို စိပ်သလဲ” လို့ မေးရင် . . . .“အား . . . . .တပည့်တော် အရဟံဂုဏ်တော်ကို ပုတီးစိပ်တယ်ဘုရား”လို့ လျှောက်ထားကြတယ် ။ “ကဲ . . .ဘယ်လိုဆိုပြီး ပုတီးစိပ်သလဲ” လို့ မေးလိုက်ရင် . . .“သောဘဂ၀ါဣတိပိ အရဟံ လို့ဆိုပြီး ပုတီးစိပ်တယ်ဘုရား” (အဲဒီလို ပုဂ္ဂိုလ်ကတော့ တစ်မျိုးပေါ့နော်။)သမာဓိ ဘာဝနာ ကမ္မဋ္ဌာန်းက အမျိုးပေါင်း(၄၀) ရှီလေတော့ ဒီ (၄၀) ထဲမှ ဗုဒ္ဓါနုဿတိမှာ (အရဟံ) ဂုဏ်တော်နဲ့ သမာဓိ ဘာဝနာကို ထူထောင်သူကများပါတယ်။
အာနာပါနဿတိ သမာဓိဘာဝနာ
အာနာပါနဿတိနဲ့ သမာဓိဘာ)နာကို ထူထောင်သူက နည်းပါးပါတယ် ။ အာနာပါနခေါ်တဲ့ ထွက်လေ၀င်လေနဲ့ ပတ်သက်တဲ့ သမာဓိဘာဝနာ၊ ထိုမှဆက်ပြီး ၀ိပဿနာဘာဝနာ၊ ဒီဘာဝနာ နှစ်မျိုးကို နှလုံးသွင်းတတ်အောင် ဘုန်းကြီးများ ပြောပေးရမယ့် ၀တ္တရားရှိပါတယ် ။ တစ်နည်းအားဖြင့် ပြောရရင် ဘုန်းကြီးများသည် ပရိယတ်+ ပဋိပတ် - (၂)မျိုးအနက်ပရိယတ် သာသနာကို ဦးတည်ပြီးသာသနာပြုနေတဲ့အခါဖြစ်လို့ ပဋိပတ္တိသာသနာပြုတဲ့ ကိစ္စမှာ ကမ္မဋ္ဌာန်း ဋ္ဌာနများမှာလို (၁၀)ရက်စ ခန်း ၊ (၇) ရက်စခန်း စသည်ကို မပြောဆိုပါဘူး ။
သို့သော် “ကိုယ်တော်တို့ မေ့လျော့နေသလား” လို့ မေးစရာရှိပါတယ် ။အဖြေကတော့ မေ့မေ့လျော့လျော့မနေပါဘူး ။အခွင့်ရတိုင်း ရတိုင်း အာနာပါနဥတိ သမာဓိဘာဝနာမှာလာရှိတဲ့ “ဂဏနာ” နည်းနဲ့ သမာဓိကို အခြေခံပြီး ၀ိပဿနာဘာဝနာ နှလုံးသွင်း ကျင့်သုံးပါတယ်လို့ပဲ ဖြေဆိုရမှာ ဖြစ်ပါတယ် ။ “ဂဏနာ” နည်း ဆိုတာ ထွက်လေ၀င်လေကို ရေတွက်ပြီး မှတ်နိုင်တဲ့ နည်းဖြစ်ပါတယ် ။
အာနာပါနဿတိနဲ့ မိမိတို့ သမာဓိဘာဝနာကို ထူထောင်ချင်တယ်ဆိုရင် လွယ်လွယ်မှတ်နိုင်အောင် ပြောပြပါမယ် ။
ဂဏနာ နည်း
ဘယ်လိုလဲဆိုရင် . . . . တည်တည်ငြိမ်ငြိမ်နေ၊ ထွက်လေ+၀င်လေ တစ်ကြိမ်၊ တစ်ကြိမ် ထုတ်လွှတ်+ ရှူရှိုက်တဲ့အခါ မှာ…
ဥပမာ ………………..
ထွက်လေ+၀င်လေ တစ်ကြိမ်ထုတ် -
လွှတ်+ရှူရှိုက်ပြီးရင် ၁
နောက်တစ်ကြိမ်ကျတော့ ၂
နောက်တစ်ကြိမ်ကျတော့ ၃
နောက်တစ်ကြိမ်ကျတော့ ၎
နောက်တစ်ကြိမ်ကျတော့ ၅
ဤကဲ့သို့ (၅) - ထိအောင်မှတ်ရတယ် ။
တစ်ခါပြန်လာ ခဲ့ဦး ----
ထွက်လေ + ၀င်လေ ၁
ထွက်လေ + ၀င်လေ ၂
ထွက်လေ + ၀င်လေ ၃
ထွက်လေ + ၀င်လေ ၎
ထွက်လေ + ၀င်လေ ၅
ထွက်လေ + ၀င်လေ ၆
တစ်ခါပြန်လာခဲ့ဦး ------
ထွက်လေ + ၀င်လေ ၁
ထွက်လေ + ၀င်လေ ၂
ထွက်လေ + ၀င်လေ ၃
ထွက်လေ + ၀င်လေ ၎
ထွက်လေ + ၀င်လေ ၅
ထွက်လေ + ၀င်လေ ၆
ထွက်လေ + ၀င်လေ ၇
တစ်ခါပြန်လာခဲ့ဦး ------
ထွက်လေ + ၀င်လေ ၁
ထွက်လေ + ၀င်လေ ၂
ထွက်လေ + ၀င်လေ ၃
ထွက်လေ + ၀င်လေ ၎
ထွက်လေ + ၀င်လေ ၅
ထွက်လေ + ၀င်လေ ၆
ထွက်လေ + ၀င်လေ ၇
ထွက်လေ + ၀င်လေ ၈
တစ်ခါပြန်လာခဲ့ဦး ------
ထွက်လေ + ၀င်လေ ၁
ထွက်လေ + ၀င်လေ ၂
ထွက်လေ + ၀င်လေ ၃
ထွက်လေ + ၀င်လေ ၎
ထွက်လေ + ၀င်လေ ၅
ထွက်လေ + ၀င်လေ ၆
ထွက်လေ + ၀င်လေ ၇
ထွက်လေ + ၀င်လေ ၈
ထွက်လေ + ၀င်လေ ၉
တစ်ခါပြန်လာခဲ့ဦး ------(ထွက်လေ+၀င်လေကို စိတ်ဖြင့် ကြည့်ပြီးတော့)
ထွက်လေ + ၀င်လေ ၁
ထွက်လေ + ၀င်လေ ၂
ထွက်လေ + ၀င်လေ ၃
ထွက်လေ + ၀င်လေ ၎
ထွက်လေ + ၀င်လေ ၅
ထွက်လေ + ၀င်လေ ၆
ထွက်လေ + ၀င်လေ ၇
ထွက်လေ + ၀င်လေ ၈
ထွက်လေ + ၀င်လေ ၉
ထွက်လေ + ၀င်လေ ၁၀
( ဂဏနာ နည်း တစ်ခေါက် ရောက်တယ်လို့ ခေါ်တယ် ။)
ဒါ ဘုန်းကြီး ပြောတာက (ပြောတာဖြစ်လို့) အသံထွက်ရတာ၊ မိမိ ကိုယ်တိုင် အားထုတ်တော့ အသံထွက်ဖို့မလိုဘူး၊
စိတ်ဖြင့်သာ အလုပ်လုပ်ရမှာဖြစ်တယ်နော်။ကဲ ……လုပ်ကြည့်ကြစို့ …….
၁၊ ၂၊ ၃၊ ၄၊ ၅၊ - တစ်ခါပြန်လာခဲ့ဦး၊
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ - တစ်ခါပြန်လာခဲ့ဦး၊
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ - တစ်ခါပြန်လာခဲ့ဦး၊
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈ - တစ်ခါပြန်လှည့်ဦး၊
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉ - တစ်ခါပြန်လှည့်ဦး၊
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀ - တစ်ခေါက်ဆုံးပြီး ။
ဤကဲ့သို့ စိတ်ဖြင့်သာ ထွက်လေ+၀င်လေတို့ကိုရေတွက်ရေတွက်၍ သိမှတ်တာကို “ဂဏနာ”နည်း အာနာပါနဿတိ သမာဓိဘာဝနာလို့ခေါ်ပါတယ်။သမာဓိ တစ်ခေါက်ပြီးသွားပြီ။
ဆက်လက်ဖေါ်ပြပါဦးမည် ။
ပုညသင်္ဂဟ - ဦးဝိမလ
တင်းပါ့ဘုရား။
ReplyDelete