မပြောချင်ဘူး
. . .
. . . . . . . ကြားကြားနေရတယ်
အသည်းနာရပြီဆို
ကိုယ်မွေးတဲ့မျောက်နဲ့ပဲ
ဆိုပါတော့
ယာဉ်ကြောတာလည်းရှိ
ရင်ကြောပိတ်တာလည်းရှိ
စတိုင်ကျလည်းရောဂါ
ဘိုင်ကျလည်းရောဂါ
ဘယ်အချိုးကွေ့ကွေ့
ကိုယ်ဖြည့်တွေးမှ
အေးမယ့်
စမ်းဆိုလားတွေ့
အကြိုက်ရွေးရမလဲခက်
အလိုက်ပေးရမလဲခက်
ဆက်ဆံသမျှနဲ့
လက်လန်ရတာနဲ့
မူးမြစ်ထင်ရတာနဲ့
ပင်လယ်ရေငတ်ရတာနဲ့
ပြန်ပြန်ထုပ်နေတဲ့
ဒီဇာတ်
ဘယ်ပြေမလဲ . . . . .
. . . . . . . ။ ။
ရန်လင်းအောင်
အလင်္ကာဝတ်ရည် မဂ္ဂဇင်း
ဒီဇင်ဘာ၊
၂၀၁၀ ။
နွေရက်များ
နွေရက်များ
ရှည်လျားလွန်းလှတယ်
. . . . . . . . ။
မင်းရဲ့နောက်မှာ
ငါ့နောက်မှာ
ခင်းဗျားရဲ့နောက်မှာ သူ့နောက်မှာ
နွေရက်များ . . . .
. . . . . . . . . . . .
တစ်ယောက်အရိပ်
တစ်ယောက်
မခိုနိုင်လောက်အောင်
နွေရက်များ . . . .
. .
မင်းတို့ ငါတို့
ကုန်အောင်ပြောလည်း
အကုန်မပြောဖြစ်တဲ့
နွေရက်များ . . . .
. .
“ ဘယ်မှာနေရမလဲ . .
. . . . ”
“ ဘယ်လိုနေရမလဲ . .
. . . . ”
ရွေးရခက်တဲ့
နွေရက်များ . . . .
. . . . . . . . ။
ကိုယ်မပြိုင်လိုပေမဲ့
ကိုယ်နဲ့
ဆိုင်သလိုလို ပိုင်သလိုလို
သူလိုလို
ကိုယ်လိုလို ဘာလိုလို ၊
နွေရက်များ . . . .
. . . . . . .
ရှည်လျားလွန်းလှတယ်
. . . . . . . . ။ ။
ရန်လင်းအောင်
ရနံ့သစ် မဂ္ဂဇင်း
မေ ၊ ၂၀၁၁ ။
သံသရာ
ခရီးသည်
စင်္ကြာဝဠာယန္တရားကြီထဲ
ဘယ်လိုပုံ
ဘယ်လောက်ပဲ နင်းလျှောက် နင်းလျှောက်
ဘယ်လိုပုံ
ဘယ်လောက်ပဲ လုံးလည်ချာလည်
“
တို့ နားရွက်ရာတွေပေါ်မှာချည့်ပဲ ” တဲ့
ခုတောင်
မူးလဲချင်လာပြီ
။ ။
ရန်လင်းအောင်
ကံကောင်းတဲ့မျက်ရည်
ကဗျာနဲ့
ခဏခဏခလုတ်တိုက်
မှောက်လဲရတာကံကောင်းလို့၊
ငယ်ငယ်ကသိပ်နှစ်မိတဲ့
ငှက်ကလေးတွေရဲ့ အသံ
ခုထိ ကြားနေရတာကံကောင်းလို့၊
ငယ်ငယ်ကရေခိုးကူးဖူးတဲ့
တို့မြို့ထဲကရေကန်ကြီး
ခုထိမကောသေးတာကံကောင်းလို့၊
တို့မြို့ ကလေးထဲ
တသွင်သွင် စီးဆင်းနေတဲ့
မြစ်ကြီးကို
ခုထိ ပြုံးပြခွင့် ရနေတာကံကောင်းလို့
တေပေလေလွင့်နေတဲ့
ငယ်သူငယ်ချင်းကို
လက္ဘက်ရည်ခေါ်တိုက်နိုင်တာကံကောင်းလို့၊
ရန်ဖြစ်ဖေါ် ရန်ဖြစ်ဘက်
သူငယ်ချင်းတစ်ယောက်နဲ့
တရားစခန်းတစ်ခုမှာ
ပြန်တွေ့ရတာကံကောင်းလို့၊
မပွင့်သေးတဲ့ ပန်းကလေးတွေ
မဖတ်ရသေးတဲ့ စာအုပ်တွေ
မသိရသေးတဲ့ လမ်းမကြီးငယ်အသွယ်သွယ်တွေ
မလွမ်းရသေးတဲ့ အမှတ်တရနေ့တွေ
မချစ်ရသေးတဲ့ အထိမ်းအမှတ်နေ့တွေ
မလင်းလက်သေးတဲ့ ကြယ်ကလေးတွေ
ရင်နဲ့ မတွေ့ဖြစ်သေးတဲ့ မြင်ကွင်းတွေ
စသဖြင့် စသဖြင့် . . . . .
. . . . . . . . .
ဒီအရှိတရားတွေ
ရှိနေကြတာရှိနေကြမှာ
သိနေရတာကံကောင်းလို့ ၊
ကိုယ်လောက်မှကံမကောင်းဘဲ
ကိုယ့်လိုမျက်ရည်မလွယ်သူတွေအတွက်
မျက်ရည်လိုက်ကျပေးတတ်တာဟာလည်း
ကံကောင်းလို့ ။ ။
ရန်လင်းအောင်
ဝင်ရောက် အားပေးသူများကို ကျေးဇူးတင်ပါတယ်။
ရန်လင်းအောင်
No comments:
Post a Comment