မတောင်းဘဲ ပြည့်တာဆို . . . . .ပြဿနာချည့်ပဲ။
နေ့လည်းနေ့မို့
ညလည်းညမို့
မြေပြင်လည်း ရမ်းမနင်းရဲ
ရေပြင်ကြည့်လည်း သံသယဟာ ဘောင်ဘင်ခတ်လို့
ကောင်းကင်ဟာ တိမ်ကြိုတိမ်ကြားထဲ ငြိမ်လို့၊ ၀ပ်လို့
ယောင်ခြောက်ဆယ် ကြယ်များဟေးလားဝါးလားတင်ဆက်
လရောင်ခမျာသုတ်ခြေတင်ပွက်ပွက်ဆူပေါ့  ။
နောက်တဲ့လူကနောက်
နှောက်တဲ့လူကနှောက်
ဂေါက်မသွားတာကိုက
ကံဆိုးမိုးမှောင်ကျတာပါပဲ ။
အရသာတိုင်းဟာ ဆဲရေးသံတွေရေရွတ်လို့
အသံတိုင်းဟာ တို့မီးနဲ့ ရှို့ မီးနဲ့
ပေါက်ဂဏန်းက မီးလောင်ပြင်ပဲ
အကြည့်တိုင်းဟာ မောင်းတင်ကျည်ထိုးအသင့်ပြင်လို့
မထိခင် လည်ပင်းလှီးပြီးသား
စေတနာဇောများ ဓါးတ၀င့်ဝင့်နဲ့ . . . . . .
...................................................
ဘုရား မနိုင်မသားတွေလက်ခုပ်ထဲက
မလိမ်မိုးမလိမ္မာ ကမ္ဘာကြီး
လှည့်ပြန်နိုင်ချိန် . .
အလောင်းပြန်ရရင်ကိုပဲ
တို့တွေ ကံထူးတယ်လို့ မှတ်ရတော့မလိုလို
ခေတ်လေ ခေတ်လွင့် ခေတ်ကျပ်
ဆီလျော်အောင်သာ ဘာသာပြန်ဖတ်ကြပေတော့ ။ - - - - - - - ။
ရန်လင်းအောင်
သရုပ်ဖေါ်ပုံ ထိန်လင်း
ငြိမ်းချမ်းပွင့်
ကျွန်တော့်အိမ် အနောက်မြို့ရိုးပေါ်မှာ
အပြာရောင်ပွင့်တွေ ပွင့်တဲ့အပင်က
နေရာတိုင်းမှာ သူ့လိုအပွင့်နဲ့အပင်တွေ ရှိစေချင်လို့ ပြောနေရှာ . . . ။
အောင်လွန်းမြိုင်
သရုပ်ဖေါ်ပန်းချီပုံ စံမင်း
အနှစ်
ဘာလုပ်မှာလဲ၊ အဲဒီ့ဘီယာဘူးခွံတွေ
ချစ်သူရေ၊ ငြင်းဆိုလိုက်၊ အသေအချာ ။
လူ့ဘုံခန်းဝါ၊ တွင်းနက်ကြီးထဲ
လှပစွာ ဆင်းရဲခြင်းအတတ်ကို မြတ်နိုးပါ ။
တောင်ထိပ်မှာ ပွင့်တဲ့ နှင်းဆီတွေ
သွေးစွန်းလက် နဲ့ ငါလေခူးခဲ့မှာ ။
မင်းဆီက ဘာမှ မမျှော်ကိုးဘူး
မြပုဝါလိုမျိုး၊ ချစ်ခြင်းမေတ္တာသာ ။
မင်းညွန့်လှိုင်
သရုပ်ဖေါ်ကိုထိုက်
No comments:
Post a Comment