မိုး .... written by ရန်လင်းအောင်
မိုး
အဆင်းမှာ ဘီးတပ်ခံလိုက်ရတဲ့
ခဲသားအိုရောင် . . .
ပန်းတစ်ပွင့်ရဲ့ အလေးချိန်
မလွမ်းထိုက်ဘဲ ထမ်းထားမိတဲ့
သစ္စာ . . . .
တွေးလုံးတွေသာတိုးပွားလာပြီး
တရားသားမတက်တဲ့လူတစ်ယောက်လို
မနက်ဖြန်များအတွက်
ဒြပ်မဲ့ပန်းချီ . . . .
ရင်ထဲမှ မစိုဘဲ
လာမညှို့ ပါနဲ့လား . . . အစိမ်းရယ်
တိုရေရှားရေ
အတောင်ပံခတ်သံတွေလည်း
အသံလိုင်းတွေပြတ်တောက်ကုန်ကြပြီ ။ ။
ရန်လင်းအောင်
No comments:
Post a Comment