Sunday, July 28, 2013

အပ်နှစ်စင်း ဖျတ်ခနဲ ထိမိသလိုနေ့တစ်နေ့ ။ written by ; မင်းညွန့်လှိုင်




အပ်နှစ်စင်းဖျတ်ခနဲထိမိသလိုနေ့တစ်နေ့


သူလည်းအဝေးကလာရတယ်
ကိုယ်လည်းအဝေးကသွားရတယ် ။

ဘယ်လောက်ပြောပြော
ပြောလို့မကုန်တဲ့အကြောင်းတွေ
ပြောလို့မကုန်ခင်မှာ...။

ရန်လင်းအောင်
တောင်ငူသွားမယ့်ရထားပေါ်
ပြေးတက်သွားတယ် ။

မင်းညွန့်လှိုင်
မှော်ဘီပြန်မယ့်ကားပေါ်
ပြေးတက်ခဲ့တယ် ။

သွားချင်ချင် မသွားချင်ချင်
သွားကိုသွားရမယ့်ခရီးကိုယ်စီနဲ့ ။                        ။

                                                    မ င်း ညွ န့် လှို င်
 
ပုံကို  - w w w . k a u n g k i n . c o m မှ ယူပါသည် ။
သ ရု ပ်ေ ဖာ် ဓာ တ် ပုံ ထိ န် လ င်း

1 comment:

  1. ဒီကဗျာကတော့
    ခေတ်ပြိုင်ကဗျာဆရာနှစ်ယောက်ရဲ့
    ဖျတ်ခနဲရုပ်ပုံလွှာဆိုပါတော့။ ။

    ReplyDelete