Friday, August 9, 2013

ချစ်မေတ္တာဆီသွားတဲ့လမ်း ၊ written byး မင်းညွန့်လှိုင် ။







ချ စ်ေ မ တ္တာ ဆီ သွား တဲ့ လ မ်း


ချစ်မေတ္တာဆီသွားတဲ့လမ်းဟာ
အဆိုဟောင်းကိုသက်သေပြသလို
အကွေ့အကောက်အနိမ့်အမြင့်တင်းကြမ်းနဲ့။
ချစ်မေတ္တာဆီသွားတဲ့လမ်းဟာ
ယာဉ်သုံးတန် ကုန်သုံးတန် အလွမ်းသုံးတန်နဲ့ ။
ချစ်မေတ္တာဆီသွားတဲ့လမ်းဟာ
မိုးဒေဝါကတိုက်ရည်ခိုက်ရည်အပြည့်နဲ့လိုက်ရွာလို့ ။
ချစ်မေတ္တာဆီသွားတဲ့လမ်းဟာ
လေလာပျက်မိုးလာပျက် လူလုပ်အလင်းကွက်တိကွက်ကျားနဲ့ ။
ချစ်မေတ္တာဆီသွားတဲ့လမ်းဟာ
ကိုယ့်လမ်းကို ကိုယ့်အလင်းနဲ့ဖောက်လုပ်လို့ ။
ချစ်မေတ္တာဆီသွားတဲ့လမ်းဟာ
စံချိန်စံညွှန်းစာအုပ် မမြင်ဖူးရှာဘူး ။
ချစ်မေတ္တာဆီသွားတဲ့လမ်းဟာ
အန္တရာယ်ကင်းဂါထာတစ်ပုဒ်ကို အာခံတွင်းထဲငုံခဲလို့ ။
ချစ်မေတ္တာဆီသွားတဲ့လမ်းဟာ
လမ်းဖြစ်ရကျိုးတော့နပ်ပါလေရဲ့
ချစ်မေတ္တာဆီသွားတဲ့လမ်းပေမို့ ။         ။
                                           
                                         မ င်း ညွ န့် လှို င်




No comments:

Post a Comment