မေမေဆောက်တဲ့ အိမ်
on Saturday,
June 1, 2013 at 10:03am
အိမ်ရှေ့ကလသာပန်းပင်မှာ
လသာပန်းတွေပွင့်လိုက်ပုံက
ငါတို့မောင်နှမတွေလိုအပြိုင်းအရိုင်း။
နေ့ခင်းက ထမင်းစားပွဲဟာ
ညခင်းမှာစာကြည့်စားပွဲဖြစ်သွားတယ်
ရေနံဆီသုံးမှန်မီးအိမ်လေးဟာ
စက်ဝိုင်းရဲ့ဗဟိုမှတ်ဖြစ်ပြီး
ငါတို့က
စက်ဝန်းကိုပုံဖော်တဲ့အစက်အပြောက်တွေပေါ့။
ပြတင်းပေါက်ကဖြတ်ဝင်လာတဲ့လရောင်ဟာ
ကြမ်းခင်းမာမာပေါ်ဖြာကျနေလေရဲ့။
တစ်နေကုန်ဈေးရောင်းရလို့
ပင်ပန်းခဲ့တဲ့မေမေ
လရောင်ခင်းတဲ့မွေ့ယာပေါ်မှာ
စာအံသံတွေကို
အိပ်ယာဝင်တေးလိုနားဆင်လို့ ။
ငါတို့ငယ်ငယ်က
မေမေဆောက်တဲ့အိမ်လေးမှာ ။ ။
မေမေ ဒေါ်ခင်ညွန့် သို့
မင်းညွန့်လှိုင်
လသာပန်းတွေပွင့်လိုက်ပုံက
ငါတို့မောင်နှမတွေလိုအပြိုင်းအရိုင်း။
နေ့ခင်းက ထမင်းစားပွဲဟာ
ညခင်းမှာစာကြည့်စားပွဲဖြစ်သွားတယ်
ရေနံဆီသုံးမှန်မီးအိမ်လေးဟာ
စက်ဝိုင်းရဲ့ဗဟိုမှတ်ဖြစ်ပြီး
ငါတို့က
စက်ဝန်းကိုပုံဖော်တဲ့အစက်အပြောက်တွေပေါ့။
ပြတင်းပေါက်ကဖြတ်ဝင်လာတဲ့လရောင်ဟာ
ကြမ်းခင်းမာမာပေါ်ဖြာကျနေလေရဲ့။
တစ်နေကုန်ဈေးရောင်းရလို့
ပင်ပန်းခဲ့တဲ့မေမေ
လရောင်ခင်းတဲ့မွေ့ယာပေါ်မှာ
စာအံသံတွေကို
အိပ်ယာဝင်တေးလိုနားဆင်လို့ ။
ငါတို့ငယ်ငယ်က
မေမေဆောက်တဲ့အိမ်လေးမှာ ။ ။
မေမေ ဒေါ်ခင်ညွန့် သို့
မင်းညွန့်လှိုင်
No comments:
Post a Comment