Saturday, August 17, 2013

မျက်တောင်တစ်ခတ်။ written by;မင်းညွန့်လှိုင်




မျ က်ေ တာ င် တ စ် ခ တ်


မျက်တောင်တစ်ခတ်အတွင်းမှာ
လဲနေတဲ့အပင်က
အပွင့် ပွင့်တယ် ။

မျက်တောင်တစ်ခတ်အတွင်းမှာ
ဒီရေမြင့်သစ်တွေ
လှိုင်းဖုံဖုံဝိုင်းအုံကြွတယ် ။

မျက်တောင်တစ်ခတ်အတွင်းမှာ
သရဖူဟောင်းတွေ
မြေခကုန်တယ် ။

ရာဇဝင်အိုကြီး
၂၅ နှစ်တိတိ
မျက်တောင်မခတ်စတမ်း
ငေးယူရတဲ့အထိ ။                       ။

                            မင်းညွန့်လှိုင်

No comments:

Post a Comment