Wednesday, November 27, 2013

က မ်း လွ န်ေ လ ထဲ မှာ .............

နှေ မြာ ဖို့ေ ကာ င်း တဲ့ လူေ တွ  ၊  ရ န် လ င်းေ အာ င်  ။


နှမြောဖို့ကောင်းတဲ့လူတွေ


  နှမြောဖို့ကောင်းတဲ့လူတွေ
  အများကြီးမွေးပါစေ ။
  နှမြောဖို့ကောင်းတဲ့လူတွေ
  ကျန်းကျန်းမာမာရှိကြပါစေ ။
  နှမြောဖို့ကောင်းတဲ့လူတွေ
  အသက်ရှည်ကြပါစေ ။
  နှမြောဖို့ကောင်းတဲ့လူတွေ
  ဘုန်းကြီးပါစေ ။
  နှမြောဖို့ကောင်းတဲ့လူတွေ . . .
  နှမြောဖို့ကောင်းတဲ့လူတွေ . . .
  လွှင့်ပစ်ရက်စရာ တစ်စက်မှမရှိ
  မိမိရရ ကျေးဇူးကြီးမားကြပါ၏
  ရက်ရက်ရောရော တမ်းတမိပါ၏ ။

  ဒါပဲပေါ့

            ဘာကမှ

            အပျောက်ရိုက်လို့

            အစပျောက်မသွား
            သေမင်းတောင်မမြင်တဲ့လမ်း
            ရဲရဲယုံယုံဖေါက်လုပ်သွားတာ
            နှမြောဖို့ကောင်းတဲ့လူတွေပေါ့  ။

                                                ရန်လင်းအောင်
                                        ၁၁.၈.၂၀၁၃

              က မ်း လွ န်ေ လ ၊ ကဗျာ မဂ္ဂဇင်း၊ ၂၀၁၃ ။

No comments:

Post a Comment