တဲ တဲ ေ လ း ၊ ရန်လင်းအောင် |
တဲတဲလေး
တည့်တည့်တိုးမိ တဲတဲလေး
တွယ်မိတွယ်ရာ တဲတဲလေး
တန်းတန်းမတ်မတ် တဲတဲလေး
တို့လို့တန်းလန်း တဲတဲလေး
နဝေတိမ်တောင် တဲတဲလေး
တွေးမိတွေးရာ တဲတဲလေး
တိုက်တိုက်ဆိုင်ဆိုင် တဲတဲလေး
တမ်းတမ်းတတ တဲတဲလေး
တောက်တီးတောက်တဲ့ တဲတဲလေး
တောင်တောင်အီအီ တဲတဲလေး
တို့လို့တွဲလွဲ တဲတဲလေး
တွတ်တီးတွတ်တာ တဲတဲလေး
တူးတူးခါးခါး တဲတဲလေး
တေလေတောတိုး တဲတဲလေး
တဲတဲလေးတွေးလို့ တောလို့
တဲတဲလေးငေးလို့ မောလို့
တဲတဲလေးစွဲလို့ လန်းလို့
တဲတဲလေးတွဲလို့ ကွဲလို့
တဲတဲလေးခွဲလို့ လွဲလို့
တဲတဲလေးထန်လို့ မာန်လို့
တဲတဲလေးပျံလို့ လန်လို့
တဲတဲလေးဆန်လို့ စုန်လို့
တဲတဲလေးစူးလို့ နစ်လို့
တဲတဲလေးတည်းလို့ ခိုလို့
တဲတဲလေး / မှ .............
တဲတဲလေး / သို့
............. ။ ။
(1.8.2012) am;1:40
ရန်လင်းအောင်
No comments:
Post a Comment