မြ စ် ကျိုး အ င်း B ဆိုဒ် ၊ မောင်သော်တာ |
မြစ် ကျိုး အင်း B ဆိုဒ်
------------------------------
written by မောင် သော် တာ
သဘာဝတ္တဓားကို
အသွား စမ်းလိုက်မိတယ်
ထယ်ခဲတွေကြားထဲ
ကြိုးပြတ်စ တစ်ခုလိုမြုပ်ခဲ့ပြီ
မြို့ဟောင်းကြီးတစ်ခုလိုလှိုင်း
လူဝင်စားတစ်ယောက်လို
အတိတ်ကိုခြေရာကောက်လိုက်လို့
တစ်ပိုင်းတစ်စဖြည့်ကျင့်ပြီးသူမ
တစ်ပါး၌အပြစ်မဆိုသာ
ကမ်းပါးတွေလည်းပြိုဖူးပြီ
သောင်ခုံပေါ်လည်းစိုက်ဖူးပျိုးဖူ
မြစ်စောင့်နတ်သမီးကပြောတယ်
ရွှေထီးဆောင်းခဲ့ဖူးတာပြန်မလွမ်း
အတိတ်ရဲ့အရိပ်မည်းအောက်
ဘယ်တော့မှပြန်မလျှောက်နဲ့
ဘယ်လောက်ပင်တိတ်ဆိတ်
ဘယ်လိုပင်မှိန်ဖျော့နေပါစေ
မင်းဟာ--အမှောင်ညရဲ့ကြယ်စင်ပါ
ထားခဲ့လိုက်
ဒါမှမဟုတ်
ဒါကိုပဲသိမ်းပိုက်သွားကြပေါ့
မြစ်ရဲ့တစ်ခါကရာဇဝင်ကို
ဘယ်သူမှမပြင်နိုင်ဘူး
အခုတော့--တံငါလှေကလေးတွေ
အင်းထဲတရွေ့ရွေ့
ယာမီးခိုးတွေတလူလူလွင့်လို့
ခရီးမေ့ဗေဒါတွေကိုရင်အုံပေါ်ပွေ့
မိခင်မြစ်ပျံသန်းရာ
ငွေ့ရည်ဖွဲ့လိုက်ပါလို့။ ။
မောင် သော် တာ
ချယ်ရီမဂ္ဂဇင်း/၂၀၀၈အောက်တိုဘာ
No comments:
Post a Comment