Thursday, July 31, 2014

ကြိုး ခု န် သူ ၊ေ မာ င်ေ သာ် တာ

ကြိုး ခု န် သူ ၊ေ မာ င်ေ သာ် တာ

 ကြိုး ခုန် သူ


-----------------------------------------
                                        written by မောင် သော် တာ

ဟိုဘက်ယိမ်းလိုက်
သည်ဘက်ယိမ်းလိုက်
ပဲ့ပြားပင်တွေက'တာ လှတယ်
အလေးအနက်လက်မြှောက်ခဲ့ကြတယ်
အတိအကျ ကျမ်းသစ္စာကျိန်ဆိုကြတယ်
ရှည်လျား/ ဆက်တိုက်/ အကျယ်အပြန့်
အစီးအပွား တဖွားဖွား
ပြောကြည့်စမ်း ငွေဝယ်ကျွန်ဆိုတာ
ဘယ်ခေတ်အထိရှိနေမယ်ထင်သလဲ
ငါဟာ/ ကြိုးခုန်သူ
ခုန်/ခုန်/ခုန် အမြင့်ဆုံးရောက်အောင် ခုန်
လွှဲလာတဲ့ကြိုးကိုခုန်ပြီးဟိုဘက် ယိမ်း
လွှဲသွားတဲ့ကြိုးကိုကျော်ပြီးသည်ဘက်ယိမ်း
ဆက်သွယ်ခြင်းအချိတ်အဆက်ပြုခြင်း/
ချည်နှောင်ခြင်းခိုင်မြဲခြင်းတွေကိုပြက်ရယ်ပြုလို့
ပျံလွှားငှက်တစ်ကောင်လိုအလျင်အမြန်
လေထဲမှာထိုးစိုက်စီးနင်း
ဘဝဘောဂနဲ့ဥာဏ်ပညာဆိုတာကို
တစ်ကြိမ်တစ်လက်တည်းနဲ့ ရရိုးလား
ငါ မ သိ ခဲ့ ။             ။

  
                              မောင် သော် တာ

No comments:

Post a Comment