Monday, July 28, 2014

မ် က် မှ န် ကိ စ္စ - ရ န် လ င်းေ အာ င်

 

 

မျက်မှန်ကိစ္စ

_________          ရန်လင်းအောင်

တချို့ က အဝိုင်း တချို့လေးထောင့်
တချို့ဖန်စီ တချို့ မျက်ကပ်
အလီလီအစားစား
ပုံသဏ္ဍာန်နဲ့စကားပြောနေတဲ့
မျက်မှန်တွေ
ပါဝါများများ ပါးပါး
တချို့ပုလင်းဖင်လိုအထူစား
ဒီဂရီနိမ့်မြင့်တွေနဲ့ စကာပြောနေတဲ့
မျက်မှန်တွေ . . .

မင်းနဲ့ ငါကြား မှန်တစ်ချပ်လည်းခြားနေရဲ့
ဒီဂရီပါဝါများလည်းခြားနေရဲ့
လိုတိုးပိုလျှော့မချိန်ဆမိရင်
မှုန်ရီဝိုးတဝါး
ကမ္ဘာဘယ်နှစ်ခုခြားနေဦးမလဲ
ဒီဂရီအနည်းအများ ချိန်ညှိကစားမှ
မင်းကို ငါပီပြင် ငါ မင်းကို ကြည်လင်
ဟုတ်တော့ဟုတ်သလိုပင်
မူရင်းအတိုင်းဟုတ်မဟုတ်တော့
ဘယ်ပြောနိုင်မလဲ ။

ခက်တာက
ကိုယ့်အကြိုက်ကိုယ်တပ်ရမလား
ကိုယ်လိုက်တာတပ်ရမလား
ရွေးရချယ်ရ မျက်မှန်ကိစ္စ
ခက်တာက
မျက်မှန်ပျောက်ရှာဖို့
မျက်မှန်လိုလိုနေတဲ့ ကိစ္စ
ပိုခက်တာက
ကိုယ့်မျက်လုံးကိုယ် တော်တည့်မှန်ကန်
ပြန်မြင်ရမယ့် မျက်မှန်တစ်လက်
ရှာဖို့ကိစ္စ
တွေ့ဖို့ကိစ္စ
ခက်တော့ခက်နေပါပြီ
ဒီမျက်မှန်ကိစ္စ             ။             ။

                              ရန်လင်းအောင်

No comments:

Post a Comment