Monday, July 28, 2014

ထ င် တ စ် လုံး က မ္ဘာ ၊ ရ န် လ င်းေ အာ င်

ထ င် တ စ် လုံး က မ္ဘာ                                ရ န် လ  င်းေ အာ င်

ထ င် တ စ် လုံး က မ္ဘာ
                                     ရန်လင်းအောင် 

ပြီးခဲ့တဲ့
အနာဂတ်ထဲက
ဆွဲဆောင်မှုအပြည့်နဲ့ ငါ့ ကမ္ဘာ
မှတ်ဉာဏ် နည်းလွန်းပေရဲ့။
ပုံမှန်အတိုင်း
တရားဟာ
စကားထဲ သိမ်သိမ်ငယ်ငယ်။
ငါထင်တာထက်ပိုကြပ်ညှပ်ပြီး
ငါ ထင်တာထက်
ဘောင်ဘင်ပိုခတ်တဲ့ကမ္ဘာ
ငါထင်တာထက် ပိုအစေးကပ်ပြီး
ငါထင်တာထက် ခွာပိုပြဲ တဲ့ကမ္ဘာ
ငါထင်တာထက် ရိုးအလွန်းပြီး
ငါထင်တာထက် ကလိမ်ပိုကျတဲ့ကမ္ဘာ
ငါထင်တာထက်ပိုပြီး ရေငုံနူတ်ပိတ်လို့
ငါထင်တာထက် အပေါက်အစပ်ပိုများလွန်းတဲ့ ကမ္ဘာ
ငါထင်တာထက် ပိုတုပ်နှောင်ပြီး
ငါထက်တာထက် တစိမ်းပိုဆန်တဲ့ကမ္ဘာ
ငါထင်တာထက် ဆောင်းညတွေပိုရှည်လျားပြီး
ငါထင်တာထက် နေ့တာတွေပိုတိုလွန်းတဲ့ကမ္ဘာ
ခလုတ်မထိဆူးမငြိတဲ့လမ်းဟာ
တကယ့်ရူးသွပ်သူပဲ။
ဟော့ဒီကမ္ဘာကြီး
လုံးဝန်းလှပနေတာ
မျဉ်းကွေးမျဉ်းကောက်တွေနဲ့
ရေးဆွဲထားလို့ပေါ့ကွာ။
                                             ရန်လင်းအောင်

No comments:

Post a Comment