လ မ်း ဝ င်္က ပါ
------------------------------------------written by မောင် သော် တာ
ဘယ်လမ်းက လျှောက် လျှောက်
ဘယ်ကိုမှမရောက်တဲ့ ဝင်္ကပါ
ဖုန်ထူထူ ဗွက်ပေါပေါ
ခြင်တောထဲ ငါတို့မှာအိပ်မောကျ
ပြဿဿဿဿ ဒ်က စတဲ့ မီး
အမှိုက်တစ်စ တောင် မချန်ဘဲကို
ယာယီသပိတ်စခန်းလေးလုံအောင်ခြုံစို့ရဲ့
သံဆူးကြိုး အထပ်ထပ်ချ
ငါတို့ကြောင့် ဝိုင်းတာလား
သူတို့ဖို့ ရံတာလား
ကိုယ့်ဘဝကိုယ့်တရားနဲ့ငါတို့မှာသံဝေဂ
၁၃၀၀ပြည့်ရဲ့အသံ မီးတုတ်မီးတုတ်ရှို့ရှို့
၁၃၅၀ တို့အရေး တို့အရေး
၁၉၉၀ ဆန့်ကျင်ကြ ဆန့်ကျင်ကြ
၂၀၁၅ရဲ့အသံ
သမ္မတကြီး(----)ကျန်းမာပါစေ
ချမ်းသာပါစေ
မြေမြှုပ်မိုင်းတွေမကင်းတဲ့မြေမှာ
မြစ်ရေတွေလည်း ခန်းတော့မယ်
မိုးပြိုပြို တောင်ပြိုပြို
ငါတို့မှာ ထောင်/ တန်း / ကျ
လက်နက်မဲ့သူက လက်နက်ရှိသူကို
မညှင်းဆဲလင့်
အာဏာမဲ့သူက အာဏာရှိသူကို
မနှိပ်စက်လင့်
တရားမဲ့သူကတရားရှိသူကိုမဆုံးမလင့်
သြော်---အထက်ကအောက်
အောက်ကအထက်ကသောက်ကယက်
အိုချစ်သား/အလင်းဓာတ်ကို
ဓားသံလျက်သဖွယ် ဆောင်ယူလော့
အိုလောက/ အိုမိခင် /
မသူတော်ဘေးနဲ့ ငါတို့မှာဝဋ်ကြွေးကျ . . . . .
မောင် သော် တာ
No comments:
Post a Comment