တွေးရတာလောက် ပိုက်ဆံကုန်တာရှိသလား
written by မောင်သော်တာ
ဒီမှာ မီလျံနာမဖြစ်ချင်ဘူးလား
တစ်ခါတစ်ခါ စဉ်းစားကြည့်မိတယ်
၁၉၆၂
စစ်အစိုးရ အာဏာသိမ်းတော့
ငါ့ရဲ့အဖေ ဖိနပ်ချုပ်ဆိုင်လေးယိုင်နဲ့သွား
ကွမ်းယာဆိုင်တောင်မချန်
ပြည်သူပိုင်သိမ်းသတဲ့
ပြည်သူတွေသာခြေသလုံးအိမ်တိုင်ြ
ငါ့အဖေပြောတော့'နိုင်ငံတော်'ဆို
အဲဒီက စ'သတဲ့
နိုင်ငံတော်ဆိုတဲ့စစ်ဖိနပ်စုတ်
ငါ့အဖေချုပ်ဖို့ ငြင်းခဲ့သတဲ့
နိုင်ငံတော်ဆိုတဲ့ပုဒ်မတွေနဲ့လူ
ထောင်ထဲ ထည့်သတဲ့
ငါ့ကိုမွေးတော့
ငါ့အဖေထီပေါက်တယ်
ယိုးဒယားနယ်စပ်မှာပန်းပုဆိုင်ဖွ
လမ်းဘေးမြောင်းနားကပ်ပြီး
ညဈေးရောင်းတယ်
ငါတို့ရဲ့ရွှင်လန်းတက်ကြွဖွယ်ရာ
နေ့ရက်မင်္ဂလာမီးခွက်မှိန်မှိန်
ကားလမ်းဘေး ဓာတ်တိုင်အောက်
ဂစ်တာခေါက်ခဲ့ကြပုံများ
၁၀တန်းအောင်တော့ပညာတတ်ဖြစ်ပြီလာ
ဘွဲ့ရအလုပ်လက်မဲ့ ဂုဏ်ထယ်ခဲ့သလား
မှောင်ခိုကောင်းကောင်း/ အောက်ဆိုဒ်ကောင်းကောင်း/
မသမာဥာဉ်ဆိုး ထောင်းထောင်းထခဲ့
ငါ ဝန်ခံတယ်
ငါတို့တွေ စိတ်ဓာတ်ကျိုးပဲ့ပျက်စီး
ငါ မညာဘူး
ငါတို့တွေဖြတ်လမ်းကြိုက်
ငါတို့တွေ ဒီလိုမိုက်အောင်
ဘယ်သူ အမှောင်တိုက်သွင်းခဲ့သလဲ
ငါတို့တွေ ဒီလိုမွဲအောင် ဘယ်သူလမ်းလွှဲခဲ့တာလဲ
လူပျို လူလွတ်ဘဝကစဉ်းစားကြည့်ဖူးတဲ့
အလုပ်အကိုင်ရာထူးဌာနန္တရ
အိမ်ထောင်သည်ဘဝ တောင့်တမိတဲ့
အိုးပိုင်အိမ်ပိုင် ငွေဝင်လမ်း
အတ္တ သက္ကာယ ခရီးကြမ်းထဲ
စစ်ဖိနပ်စီးတဲ့နိုင်ငံတော် ပြိုလဲသွားပြီလား
ခဏခဏပြန်စဉ်းစားတယ်
ငါတို့မီလျံနာဖြစ်နိုင်သလား
ဆိုရှယ်လစ်ခေတ်ထဲမွေးလာတဲ့ငါတို
၂၀၀၈ရောက်အောင် အမောစို့ခဲ့
နိုင်ငံတော်ဆိုတာ
စစ်ဖိနပ်ကနေ မန္တလေးခြေညှပ်ဖိနပ်
ပြောင်းစီးတာပါကွာနင်းတာဟာနင်း
လူတစ်ချို့ထောင်ထဲကထွက်ရတယ်
လူတစ်ချို့ထောင်ထဲအစားဝင်တယ်
နိုင်ငံတော်ဆိုတာ
ပြည်သူတွေကရွေးကောက်တင်မြှောက်
ပြည်သူ့အစိုးရဲ့ပြည်သူ့အကျိုးေ
အုပ်ချုပ်မှုအာဏာ
အဲဒီနိုင်ငံတော်ငါတို့ရှာမယ်
မမျှော်ဘူး-- မမျှော်တော့ဘူး
မီးပွတ်သမား ပွတ်သောအလားသို့
လုံ့လအားစိုက် အခိုက်ဓာတ်မှ
မီးပွင့်ထ'မည် ငါယုံကြည်တယ်
အတိတ်/ပစ္စုပ္ပန်/အနာဂတ်
ကာလသုံးပါးကလွတ်မြောက်နေတဲ့
ငါတို့ရဲ့ ပြည်သူ့နိုင်ငံတော်ဆိုတာ
အသေအချာရှိတယ်
ငါ့သားကိုငါပြန်ပြောခဲ့ရတော့မယ်
မောင် သော် တာ
No comments:
Post a Comment