Thursday, August 21, 2014

“တရားသစ် နှင့် တရားဟောင်း”

 

 

  “တရားသစ် နှင့် တရားဟောင်း”

•••••••••••••••••••••••••••••••••••
တရားသစ် နာရမှ နာရကျိုး နပ်တာလား။
တရားဟောင်းနာတော့ နာရကျိုး မနပ်တော့ဘူးလား ။
တရားအသစ်ပဲနာနာ ၊တရားအဟောင်းပဲနာနာ
တရားကို တကယ် စိတ်ဝင်တစား နာရင်
တရားကို တကယ် ကျင့်သုံးချင်တဲ့ စိတ်နဲ့ နာရင်
နာရကျိုး နပ်ပါတယ် ။
အဟောင်းအသစ် ရွေးဖို့ ထက် ၊
အကောင်းအနှစ် ဖွေးဖို့  အရေးကြီးပါတယ် ။

●ဗဟုသုတဖြစ်ရုံလောက်ပဲ တရားနာတဲ့သူက
အချက်အလက် အသစ်တွေ
စုဆောင်းလောက်ဖို့ပဲ စိတ်ဝင်စားတယ်။
●တရားအတိုင်း လိုက်နာဖို့  ၊
တရားအတိုင်း လိုက်နာကျင့်သုံးဖို့ စိတ်မဝင်စားဘူး။
ဒါကြောင့် သူက တရားအသစ်နာရမှ စိတ်ကျေနပ်တယ်။
တရားအဟောင်းနာရင် စိတ်မကျေနပ်ဘူး။
●တရားအရသာကို သေချာခံစားပြီးနာတဲ့သူ ၊
တရားအတိုင်း လိုက်နာကျင့်သုံးချင်တဲ့စိတ်နဲ့ 
နာတဲ့သူကတော့ တရားအသစ်ပဲ နာနာ ၊
တရားအဟောင်းပဲနာနာ စိတ်ကျေနပ်တာပါပဲ ။

တရားအဟောင်းအသစ် ရွေးဖို့ ထက် ၊
ကိုယ့်စိတ်အစဉ်မှာ ကုသိုလ်အကောင်းအနှစ်တွေ
ဖွေးနေဖို့ က ပိုအရေးကြီးပါတယ်။
တရားတစ်ပုဒ်ထဲပေမဲ့ ရှေ့တစ်ခေါက် နာတုန်းကထက် ၊
နောက်တစ်ခါ နာတော့ ဉာဏ်တစ်မျိုးပွင့်တယ် ။
သဒ္ဓါတစ်မျိုး တိုးတယ် ။ ။

                                    -【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment