Friday, March 27, 2015

ထပ်တူဝမ်းနည်းရပါကြောင်း

မိုးမခ မိတ်ဆွေ ကဗျာဆရာ ကိုခင်လွန်း ၏
မိခင် ကွယ်လွန်ခြင်း သတင်းကြားရပါသဖြင့်
ကဗျာဆရာ ကိုခင်လွန်းနှင့် ထပ်တူ
လေးကျွန်းမြေ ကဗျာဆရာ များက
ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း  … … … … …

အမေဆုံးပြီတဲ့။
__________
ကိုယ့်ကိုယ်ကိုယ် အဝေးမှာ အသဲမာသယောင်ဆောင်နေရတဲ့ကောင်ရဲ့အမေ...
မထင်မရှား စာလေး ကဗျာလေး ချောင်ချီးချောက်ချက် ရေးနေတဲ့ သူပုန်လိုလို အစိုးရဆန့်ကျင်ရေးသမားလိုလိုအကောင် ကျနော်ခင်လွန်းရဲ့အမေ ကွယ်လွန်ဆုံးပါးသွားပြီဆိုတဲ့အကြောင်း ဒီမနက်ဖေ့စ်ဘွတ်စဖွင့်ဖွင့်ချင်း သိရပါတယ်။

အမေရေ ...ဒီဘ၀မှာတော့ အမေ့အိမ်ရိပ်ကိုအနှစ် ၂၀ နီးပါးပြန်မလာနိုင်တဲ့ကောင်ဟာ အခု အမေနောက်ဆုံးခရီးကို ထွက်ခွာသွားပြန်တော့လဲ အမေ့ဈာပန မြေကျချိန်လေးမှာ လက်အုပ်ချီကာ ကာယကံမြှောက် လာရောက်မကန်တော့တဲ့သားမိုက်ကြီးကို တမလွန်က ခွင့်လွှတ်နိုင်ပါက ခွင့်လွှတ်ပါတော့အမေလို့ ရှိခိုးလိုက်ပါတယ်. ....

သား ...ဘဖေငြိမ်း(ခင်လွန်း)
ကိုခင်လွန်း ၏ ဖေ့ဘွတ်စာမျက်နှာ က ကူးယူပါသည် ။

No comments:

Post a Comment