Friday, March 27, 2015

စက်ဝန်းအသံ ။ ကိုရုန်း







စက်ဝန်းအသံ

ဒီနေရာက
အမြင့်တစ်နေရာ။
ဒီနေရာမှာ
ရေခိုးရေ ငွေ့ တွေနဲ့ 
မိတ်ဖွဲ့ ရတယ်။
ဒီနေရာကိုမှ
လူတွေကအ ရောက်
လှမ်းတက်ခဲ့ကြတယ်။
ဒီနေရာကို
တစ်ခါတစ်ခေါက်
ရောက်ဖူးချင်ကြတယ်။
ဒီနေရာမှာ
ပန်းပေါင်းစုံ ဖူးပွင့်ကြတယ်။
ဒီနေရာကိုရောက်ဖို့ 
အရဲစွန့် ခဲ့ကြတယ်
အရဲစွန့် တယ်လို့ 
မထင် ရ လောက်အောင်
ပျော်ရွှင် ခဲ့ကြတယ်။
ဒီနေရာမှာ
သိစိတ်အလျင် နဲ့ 
ပြည့်ဝတဲ့အရာကို
တွေ့ ခဲ့ရတယ်
ခံစားသိရှိခဲ့ရတယ်။
ပေါ့ပါးသစ်လွင် တဲ့
ဟင်းလင်းပြင် ရသတစ်ခုပေါ့။  ။

                                ကိုရုန်း

No comments:

Post a Comment